Tuesday, May 11, 2010

လှုံ့

ဒီနေ့မနက် ထမင်းကြော် ကြော်စားဖြစ်တယ်။ ကြော်နေရင်း ငယ်ငယ်တုန်း က ရွာကိုအလည်သွားရင် မနက်မနက် ထမင်းကြော်စား ရတာ သတိရမိတယ်။ ဒေါ်ကြီး ရဲ့ "ဟဲ့ ကလေးတွေကို ထမင်းကြမ်း လေး လှုံ့ ကြွေးလိုက်ပါဟဲ့" ဆိုတဲ့အသံ ကိုလည်းကြားယောင်မိတယ်။ ညက ကျန်တဲ့ ထမင်း ကို ဟင်းတစ်ခုခု နဲ့ ရော ကြော်တာ ကို လှုံ့ တယ်လို့ပြော ထင်ပါရဲ့။ ဒီလိုဘဲ ထင်မှတ်ထားခဲ့တယ်။

လှုံ့ ဆိုတဲ့ စကားလုံး ရဲ့အဓိပ္ပာယ်ကို ဆက်တွေးနေမိတယ်။ ကြော်တာကို ပြောတာလား၊ နွှေးတာကို ဆိုလိုတာလား၊ မွှေတာကို လားဆိုတာ ကွဲကွဲပြားပြား မသိဘူး။ အဲဒီ စကားလုံး အသုံးအနှုန်း မကြားရတာ ကြာပြီ။ လှုံ့ နဲ့ လှုံ့ဆော် များ အဓိပ္ပာယ် နှီးနွယ်ပတ်သက် မူရှိလေသလား။

အဘိဓာန် မှာ ရှာကြည့်တော့ လှုံ့(v) exhort, stir လို့တွေ့တယ်။

11.05.2010

5 comments:

သိင်္ဂါကျော် said...

အသုံးအနှုံးမတူကြတာတွေပေါ့ တစ်ခါမှတော့ မကြားဖူးဘူး..

Myanmar Good Knowledg Co., Ltd said...

ဒီလိုအကြောင်းအရာတွေကို ဖတ်ရတာတကယ်ကောင်းတယ်။
ကျေးဇူးတင်ပါတယ်။

Myanmar Good Knowledg Co., Ltd said...

ခုနရေးတဲ့ ကော်မန့်ဘယ်ရောက်သွားလဲနော်။
ဒီလို ဘာသာစကားတွေဖေါ်ပြပေးတာကြိုက်တဲ့ အကြောင်းရေးထားတာလေးလေ။

SHWE ZIN U said...

လှော်ကြွေးလိုက်ပါလို့ ပြောတာထင်တယ် ဆီပါလေကာနဲ့ နွေးကြွေးတာကို လှော်တာလို့ ပြောကြတာဘဲ

လှုံတော့ သိပ်မသိဘူး

ခင်မင်စွာဖြင့်
ရွှေစင်ဦး

ချမ်းညီချို said...

ကျွန်တော်ကတော့ "လှုံ့" ဟာ Exhort ကော၊ Stir ကော နှစ်ခုစလုံး ပေါင်းပြီးပါနေတယ်လို့ ထင်မိတယ်။
တစ်မျိုး၊ တစ်ခု၊ တစ်ယောက်ထက်မက ရောစပ်ပါဝင်ပြီး ပူးပေါင်းလုပ်ဖြစ်အောင် တိုက်တွန်းတာ၊ ဖြစ်စေတာလို့ ထင်မိပါတယ်။

Post a Comment

ခြေရာလေးများ ချန်ကာထားခဲ့ပါ

 
Creative Commons License
This work by http://yawnetthan.blogspot.com is licensed under a Creative Commons Attribution-Non-Commercial-No Derivative Works 2.0 UK: England & Wales License.