Wednesday, February 3, 2010

Tsutomu Yamaguchi (သေရွာက နှစ်ခါပြန်ခဲ့သူ) - ၂

ဒီနေရာအရောက်မှာ သူ့ရဲ့အတွေ့အကြုံကို ပြောနေရင်းက ချုပ်တည်း မထားနိုင်တော့လို့ ကြူကြူပါအောင် ငိုပါတော့တယ်။ ဒီလို ငိုနေတာ ပြောပြနေတဲ့ ဇာတ်လမ်း ပြီးပြီဆိုတဲ့ အဓိပ္ပာယ် မဟုတ်ပါဘူး။ Nagasaki ရောက်တော့ မီလောင်ဒဏ်ရာတွေကို ပတ်တီစီးဖို့ မဆိုသာရုံ ခဏကလေးနား၊ ပြီး ချက်ခြင်း ဆိုသလိုပဲ တာဝန်ကျရာ ရုံးကို သတင်းသွား ပို့ပါတယ်။ ဗုန်းတစ်လုံးတည်း အကြဲ ခံရတာနဲ့ Hiroshima မြို့ကြီး ပျက်စီးသွား တယ်ဆိုတာ ကို သူ့ရဲ့ အရာရှိ ဟာ မယုံနိုင်အောင် ပဲဖြစ်နေတယ်။ သူ့ရဲ့အရာရှိ နဲ့ စကားပြော နေစဉ်မှာဘဲ အလွန်စူးရှ တဲ့ အဖြူလိုလို ငွေရောင်လိုလို အလင်းတန်း ကို ပြတင်းပေါက်က တခါ ထပ်မြင်လိုက်ရပြီး မြေပြင် ပေါ်ကို လှဲ အချခံလိုက်ရတယ်။ လှေကားကို ထောက်ပိုးထားတဲ့ စတီးဒေါက် တံ ကြောင့် သူဟာ အသက်ဘေးက လွတ်ခဲ့တယ်။ ဒါပေမယ့် စည်းထားတဲ့ ပတ္တီးတွေ ပြုတ်ထွက်ကုန်တယ်။ နောက် ရက်သတ္တပတ် တော်တော်များ တိုင်အောင် သူဟာ ခိုလှုံရာ တဲထဲက အပြင်ကို မထွက်နိုင် ပဲ ဖူးဖူးယောင် နေတဲ့ ဒဏ်ရာဒဏ်ချက် တွေကို သေလုမျောပါး ခံခဲ့ရတယ်။ သူ့ရဲ့ အိမ်တခုလုံး ပြိုကျ ပျက်စီး မှတော့ သားနဲ့ဇနီး ကိုလည်း အသက်ရှင်နေဦးမယ် လို့ မမျှော်လင့်တော့ဘူး။ နောက်ပိုင်း ကျောင်းသားလူငယ် လေးတွေက အံ့သြလေးစားစွာ နဲ့ “ဘယ်ဟာ က အဆိုးဆုံး လဲ” လို့ မေးတဲ့ အခါ သူ့ရဲ့ အဖြေက ပြုတ်ထွက်နေတဲ့ လျှာတွေ မျက်လုံးတွေ မဟုတ်ဘူး၊ အလွန်ကြီး တဲ့ အသက်ရှိ လက်အိတ်ကြီး လို တွဲလောင်းကျနေတဲ့ လူတွေ ရဲ့ အရေပြား တွေမဟုတ်ဘူး၊ တစ်ဘက်ကမ်း ရောက်အောင် သူ နင်းကျော်ဖြတ်ခဲ့ တဲ့ တံတားလိုဖြစ်နေတဲ့ အလောင်းတွေပဲ ဖြစ်တယ်လို့ပြောတယ်။

သူဟာ ဒီအကြောင်း တွေကို အမေရိကန် စာရေးဆရာ Charles Pellegrino နဲ့ လန်ဒန်တိုင်းမစ် သတင်းစာက Richard Lloyd Parry တို့ကို ပြောပြခဲ့တာပါ။ သူ ညူးကလီးယား ဗုန်း ကို ဘာလို့မုန်းတာလဲ ဆိုတာ လူတွေရဲ့ အရှက်၊ သိက္ခာ တန်ဖိုး မဲ့စေလို့ လိုဆိုပါတယ်။ Hiroshima မြို့တွင်းကို ဖြတ်သွားခဲ့စဉ် သူ သတိထားမိတာက လမ်းပေါ်မှာ ယောင်တောင်တောင် ဖြစ်နေတဲ့ အများစုမှာအဝတ်မရှိတဲ့ လူအုပ်ကြီး နဲ့ အိပ်နေရင်း လမ်းလျှောက် သလို ကြောင်တောင်တောင်ဖြစ်နေတဲ့ကလေး လေးတွေ။ သူတို့ ဟာ ဘာသံမှ မထွက်ဘူး။ တကယ့်ကို ဘယ်သူ မှ အသံမထွက် နိုင်ရှာကြဘူး။ လူတွေရဲ့ဘဝ လျောကျ သွားပုံတွေက သူဟာ အာလူးစိုက်ခင်း ထဲမှာ ကိုင်ပေါက် ခံလိုက် ရသလို သူတို့ဟာလည်း ဂီတအချက်ပြတုတ်ချောင်းလို၊ လေထဲလွင့်ပါပြီးညိုးရော်သွားရတဲ့ သစ်ရွက်လေးတွေလို၊ ရေမနစ် ဘဲ ပေါလောပေါ်စေဖို့ သုံးရတဲ့ အရာဝတ္ထုတွေလိုပဲ ဖြစ်သွားတယ်။

အချို့က သူ့ကို သိပ်ကံကောင်းတဲ့လူ လို့ ပြောကြပါတယ်။ နားတစ်ဖက် လေးသွားပြီး ခြေထောက် တွေသိပ်မသန်စွမ်း တော့တဲ့ ဒုက္ခပဲ ခံခဲ့ရပါတယ်။ နောက်ပိုင်း မှာတော့ အစာအိမ်ကင်ဆာ ရောဂါ ဖြစ်လာပါတယ်။ သူဟာ ဘာသာပြန်ဆရာ အလုပ် လုပ်ခဲ့တယ်။ နောက် ကျောင်းဆရာ လုပ်တယ်။ နောက်တော့ Mitsubishi မှာပြန်ပြီး အမူထမ်း ခဲ့တယ်။ ၁၉၆၉ ခုနှစ် မှာ သူရေးခဲ့တဲ့ ကဗျာထဲကလို သူ့ရဲ့ အတွင်းစိတ်ဟာ ငြိမ်းချမ်းပျော်ရွှင် မှု အတိနဲ့ မဟုတ်ခဲ့ဘူး။

ငါ့အဖြစ်ဟာ
ဖီးနစ်ငှက်တစ်ကောင်လို လို့
တွေးထင်နေမိခဲ့တာ ခုချိန်ထိ။
ခမျာများမတော့
ဘယ်လိုဒုက္ခတွေ ခံစားနေခဲ့ရရှာ
ဒီလို ၂၄ နှစ်ကျော်လာသည့်တိုင်။

Thinking of myself as a phoenix,
I cling on until now.
But how painful they have been,
those twenty-four years past.

သူ့ရဲ့ စိတ်လှုပ်ရှား ခံစားမှုတွေကို တန်ကာ(tanka) လို့ခေါ်တဲ့ အသံ ၃၁ သံနဲ့ ရေးဖွဲ့ရတဲ့ ကဗျာတွေရေးခဲ့တယ်။ စိတ်မချမ်းမြေ့ ဖွယ် အတွေ့အကြုံတွေကို ကဗျာတွေအဖြစ်ပြောင်းလဲ ပစ်တာ ရာပေါင်းများစွာပဲ။ အဲသလို ရေးဖွဲ့နေတဲ့အချိန်မှာတော့ မြေပြင်ပေါ်မှာ အတုံးအရုံး လဲကျသေဆုံး နေတဲ့မြင်ကွင်း ကို အိပ်မက် ထဲက မြင်ကွင်းကို မြင်ယောင်သလို မြင်ယောင်ကောင်း မြင်ယောင် နေမိပါလိမ့်မယ်။ နောက် တစ်ယောက် ပြီး တစ်ယောက် ထ သူ့ကို ကျော်ဖြတ် သွားကြသလိုပေါ့။

ညူးကလီးယားဒဏ်ကြောင့်
ဆွံ့အသွားတဲ့မြေပြင်ပေါ်မှာ
မှောက်လျက်လှဲကျနေတဲ့
မီးသွေးတုန်းအလောင်းတွေ
ဗုဒ္ဓဘုရား အားလုံးလည်း သေဆုံးသွား
ဘာ့ကြောင့်လည်းဆိုတဲ့ အကြောင်းရင်းကို
ဘယ်သောခါမှ မကြားသိခဲ့ရ။

Carbonised bodies face-down in the nuclear wasteland
all the Buddhas died,
and never heard what killed them.

၂၀၀၂ ခုနှစ်မှာ သူ့ရဲ့ ကဗျာတွေကို သူကိုယ်တိုင်ပဲ ထုတ်ဝေခဲ့ပါတယ်။ အဲဒီ ကဗျာတွေကတဆင့် သူ့ရဲ့ အတွေ့အကြုံ အမှန်တရား ကိုဖော်ထုတ်ခဲ့ပါတယ်။ ၂၀၀၅ ခုနှစ် မှာ အသက် ၅၉နှစ် ရှိပြီဖြစ်တဲ့ သူ့ရဲ့သား Katsutoshi ဟာ ငယ်ငယ်က ခံစားခဲ့ရတဲ့ ဓါတ်ရောင်ခြည်သင့်မူကြောင့် ကင်ဆာရောဂါ ဖြစ်ပြီး ကွယ်လွန်ခဲ့ပါတယ်။ Mr Yamaguchi ဟာ ညူးကလီးယား လက်နက် ဆန့်ကျင်ရေးအတွက် ညူးကလီးယားလက်နက် ရဲ့ အနိဋ္ဌာရုံ တွေကို ကျောင်းတွေမှာ၊ မှတ်တမ်းရုပ်ရှင်တွေမှာ၊ အမေရိကန် သမ္မတ Barack Obama ဆီပို့တဲ့စာထဲမှာ ဟောပြောရေးသားရုံသာမက အသက် ၉၀ အရွယ် ကြမှ ပထမဆုံး နိုင်ငံခြားခရီး အဖြစ် နယူးယောက်မြို့ မှာရှိတဲ့ ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့ရဲ့ ရှေ့မှောက် အရောက်သွားပြီးလည်း ပြောခဲ့ပါတယ်။

ကာကွယ်ပေးတတ်တဲ့
ဘုရားသခင်ဆိုတာ ရှိခဲ့ရင်
ညူးကလီးယားကင်းစင်
ငြိမ်းချမ်းရေးလည်း ထာဝရပင်
အပြာရောင် ကမ္ဘာကြီလည်း မျိုးတုန်းလိမ့်မည်မထင်။

If there exists a GOD who protects
nuclear-free eternal peace
the blue earth won't perish

သူ့ရဲ့ ရွက်ဆောင်မူတွေကြောင့် ဂျပန်အစိုးရက အသက်ရှင်ကျန်ရစ်သူ ၁၀၀ကျော်ထဲက သူ့ကို ညူးကလီယား ဗုန်းဒဏ် နှစ်ခါခံရသူ(nijyuu hibakusha) အဖြစ် ပထမဆုံး တရားဝင် အသိအမှတ်ပြုခဲ့ပါတယ်။

သူ့ကို သက်သာရာရအောင် နှစ်သိမ့်ပေးတဲ့ အရာ သုံးခုရှိပါတယ်။ ပထမ တစ်ခုက Shikoku ဘုရားကျောင်း က ဗုဒ္ဓပုံတော် ၈၈ ခုရဲ့ သင်္ကန်းရုံပုံတွေ၊ ရောင်ခြည်တော် ကွန့်မြူးနေပုံတွေ၊ မုဒြာပုံတွေကို ကြည်ညိုစွာနဲ့ ရေးဆွဲခြင်းဖြစ်ပါတယ်။ သူ့ရဲ့ တန်ကာ(tanka) ကဗျာထဲမှာ ဗုဒ္ဓဆင်တုတော်တွေ မီးလောင်ကျွမ်းပြီး မှောက်ရက် လဲကျနေခဲ့ပေမယ့် ခုတော့ ငြိမ်းချမ်းမူ တဖန် ရရှိလာခဲ့ပါတယ်။ ဒုတိယ နှစ်သိမ့်ပေးတာက အရိုးရှင်းဆုံးဖြစ်တဲ့ သနားကြင်နာ နူးညံ့သိမ်မွေ့စွာ ပြုမူနေထိုင်ခြင်းပါ။ တတိယ ကတော့ သူ့ဘဝပုံရိပ် ဟာ လက်ဆင့်ကမ်းပြေးပွဲ က တုတ်ချောင်း လို သူ့ရဲ့ အတွေ့အကြုံကို ဖတ်ရ ကြားရတိုင်းသူတိုင်းက တဆင့်ပြန်လည် လက်ဆင့်ကမ်းကြတာပါ။ အဲဒီ လက်ဆင့်ကမ်း ခဲ့တဲ့ တုတ်ချောင်းတွေကို စုပေါင်း လိုက်ရင် နောက်ထပ် လူဖောင်ကြီး(Human Raft) တစ်ခုဖြစ်နိုင်ပါသေးတယ်။

-ပြီး။

မူရင်း ဆောင်းပါး

3 comments:

SHWE ZIN U said...

ဖတ်ခွင့်ရတဲ့ အတွက် ကျေးဇူးပါ

Ko Toe Gyi ( Multiply Boo Boo Gyi ) said...

သူ့ ဓါတ်ပုံလေးပါတွဲ တင်လိုက်ရင် ဆောင်းပါးလေး ပိုပြိး အသက်ဝင်သွားမယ်ထင်ပါတယ်နော်

Myanmar Good Knowledg Co., Ltd said...

ဒီလို ပို့စ်မျိုးတင်တာကို အားပေးပါတယ်။
ကြိုက်လည်းကြိုက်တယ်။

Post a Comment

ခြေရာလေးများ ချန်ကာထားခဲ့ပါ

 
Creative Commons License
This work by http://yawnetthan.blogspot.com is licensed under a Creative Commons Attribution-Non-Commercial-No Derivative Works 2.0 UK: England & Wales License.