Friday, September 23, 2011

အို...ဘယ့် ဧရာဝတီ

စီးဆင်းခဲ့တဲ့ ဧရာဝတီ
စီးဆင်းနေတဲ့ ဧရာဝတီ
စီးဆင်းလေဉီးမလား ဧရာဝတီ။

"တိုင်းပြည်ရဲ့ အသက်သွေးကြောဖြစ်သည်" ဆိုတဲ့ ဂုဏ်ပုဒ်နဲ့အညီ
အကြေ၊ အညာ ဝေးကွာနေတာကို ဆက်သွယ်ပေးခဲ့
မြေနုကျွန်းနဲ့ သစ်သီး ပန်းမာန်တွေ ဖွံ့ဖြိုးစေခဲ့
မျိုးစိတ်များစွာကို ရှင်သန် ကျက်စားခွင့်ပေးခဲ့
လူသားတွေအတွက် အရေးအကြီးဆုံးဖြစ်တဲ့ ရေ... ရေ...ရေ ဆိုတာကို သုံးစွဲခွင့်ပေးခဲ့
လွမ်းမောလောက်စရာ အလှ ကြီးမြတ်တဲ့ဂုဏ်သတင်း ခန့်ညားတဲ့သမိုင်းတွေနဲ့ သီချင်း၊ ဂီတ၊ ကဗျာတွေ ပေါ်ထွန်းစေခဲ့
........................................................
...............................................................
......................................................................
................................................................................
အိပ်ပျော်နေတဲ့ အမျိုးသားရေးစိတ်ကို လှုပ်နှိုးနိုင်တဲ့ဧရာဝတီ
သင့်ရဲ့ကျေးဇူးတရား ဟာ
မြန်မာပြည်သားအားလုံးပေါ်မှာ မြားစွာ မြားစွာ မြားစွာ။

ခုများမတော့
သင့်ကို သားကြောဖြတ်
အလိုမတူသူတွေရဲ့ လက်ထဲ အပ်ဖို့
"စကောလောက်မှ စောက်မနက်" တဲ့အကြံနဲ့
ကြံရက်ကြလေပြီ။

သင့်ကြောင့်
နိုးကြားလာတဲ့ အမျိုးသားရေးစိတ်ဟာ
တဖွားဖွားနဲ့
မြန်ပြည်တလွှားသာမက
ကမ္ဘာ့အရပ်ရပ်က မြန်ပြည်သားတွေကြားမှာ
ကူးစက်စီးဆင်း
သင့်ကိုချစ်တဲ့ ချစ်ခြင်းတွေ.....။

အို...ဘယ့် ဧရာဝတီ
မငိုလေငဲ့
တို့တွေသာပေါင်းစုစည်းရင်ဖြင့်
သင့်ရဲ့အသက်ဘေးကို
တို့ တိုင်းပြည်ရဲ့ အမှတ်အသား ပျောက်ကွယ်မည့်အရေးကို
မုချမသွေ ကာကွယ်နိုင်မည်သာ။

စီးဆင်းပါဉီး ဧရာဝတီ
စီးဆင်းဆဲလို စီဆင်းပါဉီး
အမြဲ ချစ်ခြင်းတွေနဲ့
စီးဆင်းလိုက်ပါ့
အို...ဘယ့် ဧရာဝတီ။ ။

3 comments:

seesein said...

အမြဲထာဝရ စီးဆင်းစေရမည့်
ဧရာဝတီ
ကမ္ဘာတည်သရွေ့ စီးဆင်းစေပါမယ်
ဧရာ ဘယ်တော့မှ မတိမ်ကောစေရပါ
မုချမသွေ ကာကွယ်နိုင်ရမည်။
ခင်မင်တဲ့
seesein

SHWE ZIN U said...

ခုများမတော့
သင့်ကို သားကြောဖြတ်
အလိုမတူသူတွေရဲ့ လက်ထဲ အပ်ဖို့
"စကောလောက်မှ စောက်မနက်" တဲ့အကြံနဲ့
ကြံရက်ကြလေပြီ။


ကိုယော ရေ ကျေးဇူးပါ
ရွှေစင်ဦး
.

zat gyi said...

together we will go , keep the fitted

Post a Comment

ခြေရာလေးများ ချန်ကာထားခဲ့ပါ

 
Creative Commons License
This work by http://yawnetthan.blogspot.com is licensed under a Creative Commons Attribution-Non-Commercial-No Derivative Works 2.0 UK: England & Wales License.