Wednesday, December 1, 2010

ဒီလိုပါပဲ (သို့) ချစ်ပုံပြင်

ဒီလိုပါပဲ
ချစ်ခဲ့တုန်းကတော့
ဘာရယ်မဟုတ်ဘူး ချစ်ခဲ့တာပါပဲ။

အဲဒီတုန်း ကပေါ့
အပြုံးတွေဟာ ရွှန်းမြ
ရယ်သံတွေဟာ ချိုလွင်
စကားတိုင်းရဲ့ သံစဉ်ဟာလှပ။

အခုတော့
အပြုံးတွေဟာ နွမ်းလျ
ရယ်သံတွေဟာ မပီပြင်
အတွေးတိုင်းရဲ့ ပုံရိပ်ဟာကြေမွ။

ဘာရယ်မဟုတ်ဘူး ချစ်ခဲ့တာပါပဲ
ချစ်ခဲ့တုန်းကတော့
ဒီလိုပါပဲ။

30.11.2010


0 comments:

Post a Comment

ခြေရာလေးများ ချန်ကာထားခဲ့ပါ

 
Creative Commons License
This work by http://yawnetthan.blogspot.com is licensed under a Creative Commons Attribution-Non-Commercial-No Derivative Works 2.0 UK: England & Wales License.