Wednesday, November 24, 2010

ဂလိုဘယ်လှိုက်ဇေးရှင်း

သတ္တဝါတွေထဲမှာ လူဟာ ဉာဏ်ရည်အမြင့်ဆုံး...
ဆိုပြီး နေထိုင် စဉ်းစား ကြီးပြင်း တွေးတော တီထွင် တိုးတက် ခမ်းနား
ကမ္ဘာကြီးဟာ ကြုံ့လာခဲ့ အချို့နေရာတွေအတွက်တော့ ပိုမိုဆန့်ထွက်ရှည်လျားနေဆဲပဲ
အသုံးအဆောင် ပစ္စည်း နည်းပညာတွေနဲ့အတူ လောဘလည်း တိုးပွားလာခဲ့
ကမ္ဘာ့ငွေကြေး အကြပ်အတည်း၊ ယူရိုငွေကြေးစနစ်ပြိုကွဲတော့မှာလား
ဘာသာရေး အစွန်းရောက်အဖွဲ့ကွန်ယက်တွေကတော့ ခိုင်မြဲနေတုန်းဘဲ
ရုရှားမှာတောမီးကြောင့် ဂျုံစိုက်ခင်းတွေ ပျက်စီး၊ နောက် ပါကစ္စတန်မှာပါရေကြီးစေတယ်
စားသုံးကုန်ပစ္စည်းဈေး ဆက်တက်ဦးမှာဘဲ
တောင်ကိုရီယားမှာ ဂေါ်ဖီထုပ်ဈေးကြီး
ကိုရီးယာ တောင် နဲ့ မြောက် တဖက်နဲ့တဖက် ပစ်ခတ်ကြ
ဒါဟာ အရှေ့ နဲ့ အနောက် အတွက်အစလား
ကြီးထွားလာတဲ့ တရုတ်အတွက် အင်အားပြဖို့ အကွက်လား
ကမ္ဘာကြီးဟာ နေလို့ထိုင်လို့ကောင်းတဲ့ ရွာကြီးတစ်ရွာဖြစ်လာ နေပြီ/မှာ လား
လှိုက်စားနေတဲ့ လူမူ့အဖွဲ့အစည်းလား။  ။

24.11.2010

2 comments:

Anonymous said...

ကမ္ဘာကြီး က လူတွေ အကြောင်းတွေးမိရင် စိတ်ပျက်တယ် လူမျိုးရေးခွဲခြားမှု့တွေ မတရားမှု့တွေ နဲ့ စံနစ်အမျိုးမျိုးပြင် sex ခွဲခြားဆက်ဆံမှု့တွေ စစ်လက်နက် ပစ္စည်း အမျိုးမျိုးတွေ

ချစ်ချစ်ကြီးခေါ် တောထွက်တော့မယ်ဗျာ

ခင်မင်စွာဖြင့်
ရွှေစင်ဦး

ပေါ့ဆိမ့် said...

နှစ်စဉ်ကြားရတဲ့ ကမ္ဘာကြီးရဲ့ သတင်းတွေက စိတ်ထိခိုက်စရာတွေ ပါသလို ကောင်းတာတွေလည်း ပါပါတယ်။ ဘာဘဲဖြစ်ဖြစ် ရွာကြီးတစ်ရွာလို့ ပြတ်ပြတ်သားသား အားလုံးသဘောနိုင်ရင် မကောင်းတာတွေ အတော်နည်းသွားမှာပဲနော် ...

Post a Comment

ခြေရာလေးများ ချန်ကာထားခဲ့ပါ

 
Creative Commons License
This work by http://yawnetthan.blogspot.com is licensed under a Creative Commons Attribution-Non-Commercial-No Derivative Works 2.0 UK: England & Wales License.