Monday, July 19, 2010

တော်လှန်ရေးဆိုတာ ဘာလဲ

ဘာလဲ တော်လှန်ရေး။ အကြမ်း ပတမ်း လုပ်တာတိုင်း တော်လှန်ရေးလား။ မဟုတ်ဘူး။ အဖျက်လုပ်ငန်းဆိုတာတိုင်း တော်လှန်ရေးလား။ မဟုတ်ဘူး။ လုပ်ချင်တိုင်း လုပ်လို့ရသလား။ မဟုတ်ဘူး။ ဘာရည်ရွယ်ချက်နဲ့လဲ။ ဘယ်လိုလဲ၊ လဲ လဲ လဲ။ အဲဒီလို “လဲ” တွေ အမျိုးမျိုးနဲ့ ကျွန်တော်တို့ စဉ်းစားကြစို့။ တရံရောအခါက ဒီမေးခွန်းကို ကျွန်တော်ဒီလို ဖြေခဲ့တယ်။

Revolution is direct participation of masses themselves to shape their own destiny fundamentally by all possible means; historically inevitable and necessary, and inadmissible of all forms of dry schematisation unrelated to given historical conditions, and of blind, negative, spontaneous, destructive character; and therefore creative in the highest degree. Its fundamental objective is the emencipation of all toiler; its basis mass participation, its guarantee of victory mass consciousness. (in other words, the digree to which the toiling mass is organised and thus conscious of its role and power.)

တော်လှန်ရေး ဆိုတာ လူထုက လူထုရဲ့ ကံကြမ္မာကို အခြေခံကနေပြီး ဖန်တီးရာမှာ ဘယ်လိုဘဲဖြစ်ဖြစ်ဆိုပြီး လူထုကိုယ်တိုင် ပါဝင်ဆောင်ရွက်ခြင်းဖြစ်တယ်။ ရာဇဝင်ကြောင်း အရ မလွှဲမရှောင်သာလို့လဲ လိုတယ်။ ဖြစ်ပျက်ပေါ်ပေါက်နေတဲ့ရာဇဝင်အခြေအနေ အချက်အလက်တွေနဲ့ အခြားတလမ်းဖြစ်တဲ့ အခြောက်တိုက် စိတ်ကူးစီမံကိန်းမျိုးနဲ့တော့ မဖြစ်နိုင်ဘူး။ ပြီးတော့ မျက်စိစုံမှိတ်ပြီး အကန်းလို ရမ်းလို့မဖြစ်ဘူး။ တဖက်တွင်သာ လုပ်တဲ့အလုပ်၊ အလိုအလျောက် လူထုထကြွမူ အလုပ်ကိုလဲ လက်မခံနိုင်ဘူး။ အဲဒါတွေကြောင့် တော်လှန်ရေးဆိုတာ အကြီးအကျယ်ဆုံး ပြုပြင်ဖန်တီးတတ်တဲ့ သတ္တိရှိပါတယ်။ တော်လှန်ရေးရဲ့ အခြေခံ ရည်ရွယ်ချက်ကြီးကတော့ လုပ်စားကိုင်စား လူထုကြီး လွတ်လပ်မူဖြစ်ပါတယ်။ တော်လှန်ရေးရဲ့ အခြေခံအုတ်မြစ်ကတော့ လူထုပါဝင်အောင် ဆောင်ရွက်ရေးဖြစ်ပါတယ်။ တော်လှန်ရေးအောင်မြင်ဖို့ အခြေခံကတော့ လူထုကြီးရဲ့ နိုးကြားထကြွမူ တနည်းအားဖြင့် လူထုကြီးဟာ ဘယ်အထိ ဖွဲ့ဖွဲ့စည်းစည်း ရှိလို့ ဘယ်အထိ မိမိရဲ့ တာဝန်နဲ့ တန်ခိုး အာဏာကို သိရှိ နားလည် နိုးကြားသလဲဆိုတဲ့ အပေါ်မှာ တည်ပါတယ်။ အဲဒီလို ကျွန်တော်ဖြေခဲ့တယ်။

ဗိုလ်ချုပ်အောင်ဆန်း
၁၉ မေ ၁၉၄၇ နေ့တွင် ဂျူဗလီဟော ဖ၊ဆ၊ပ၊လ ပဏာမပြင်ဆင်မူ ညီလာခံတွင် မိန့်ကြားခဲ့သော မိန့်ခွန်းမှ။

3 comments:

SHWE ZIN U said...

ဗိုလ်ချုပ် ဗိုလ်ချုပ် ဒို့ဗိုလ်ချုပ်

blackroze said...

တော်လှန်ရေးကိုဗိုလ်ချုပ်ကဦးဆောင်ခဲ့ပေမဲ့လည်း...
ခုကာလမှာတော့ဘယ်သူမှမတော်လှန်ရဲကြတော့ဘူးထင်ပါရဲ့လေ..

Myanmar Good Knowledg Co., Ltd said...

ဗိုလ်ချုပ်ပြောတာ သိပ်ကြိုက်တယ်။
ကို ယောနက်သန် ၊ ကျေးဇူးနော်။

Post a Comment

ခြေရာလေးများ ချန်ကာထားခဲ့ပါ

 
Creative Commons License
This work by http://yawnetthan.blogspot.com is licensed under a Creative Commons Attribution-Non-Commercial-No Derivative Works 2.0 UK: England & Wales License.