Wednesday, June 16, 2010

ကမ္ဘာ့တန်ဖိုးအရှိဆုံး အရာ


အဓိက ကတော့ ရေရှာပါးလာခြင်းသည် လယ်၊ယာ စိုက်ပျိုး မွေးမြူရေးကြောင့်ဖြစ်သည်။ ကောင်းစွာစီမံ ခန့်ခွဲ မူဖြင့်သာ ကူညီနိုင်လိမ့်မည်။


စိန်လိုရတနာ အတွက် လူတွေ တစ်ယောက် နဲ့ တစ်ယောက် သတ်ဖြတ်တတ်ကြသလို နိုင်ငံတွေဟာလည်း ရေနံအတွက် စစ်တိုက်ကြတယ်။ ဒါပေမယ့် ကမ္ဘာ့ဈေးအကြီးဆုံး ကုန်ပစ္စည်းတွေဟာ သောက်သုံးရေ မရှိတော့ရင်ဖြင့် ဘာမှတန်ဖိုး မရှိတော့ပါဘူး။ အသက်ရှင် နေထိုင်နိုင်ဖို့ အတွက် ရေကောင်းရေသန့် လိုအပ်ပြီး ဘာနဲ့မှလည်း အစားထိုလို့ မရနိုင်ပါဘူး။ အများအားဖြင့် ဈေးနူန်းသတ်မှတ် မထားပေမယ့် ရေဟာ ကမ္ဘာပေါ်မှာ တန်ဖိုးအရှိဆုံး အရာပါ။

သဘာဝတရား က သူပေးနိုင်မယ့် ရေပမာဏကို ပိုင်းခြား သတ်မှတ်ပြီးသားပါ။ ရေလိုအပ်မူ ပမာဏ ကြီးထွားလာမူ ကို တားဆီးလို့ မရတာက ကမ္ဘာ့လူဦးရေတိုးပွားမူ နဲ့ အတူ မြင့်တက်လာတဲ့ လူ့နေထိုင်မူ အဆင့်အတန်း ကြောင့်ပါဘဲ။ လူနေအိမ်၊ စက်ရုံ နဲ့ ရုံးခန်း တွေက ရေကို ပိုမိုစုပ်ယူ သုံးစွဲလာပါတယ်။ အစားအသောက် ဖြစ်တဲ့ အသားနဲ့အသီးအနှံ ကို စိုက်ပျိုးထုပ်လုပ်ရာမှာ ရေကအဓိက ဖြစ်ပြီး အစားအသောက် လိုအပ်မူ မြင့်တက်ကြီးထွားလာတာ ကလည်း အရေးကြီးတဲ့ပြဿနာပါ။ စိုက်ပျိုးရေးလုပ်ငန်း တခုတည်းကပဲ ရေပမာဏ ၇၀% ကို ထုတ်ယူသုံးစွဲ နေရပါတယ်။

သီးနှံစိုက်ပျိုး တဲ့နေရာတွေကိုဖြတ်ပြီး တစ်ဆယ့်နှစ်ရာသီပတ်လုံး ပင်လယ်ဆီကို စီးဆင်းနိုင်တဲ့ မြစ်ဆိုလို့ ကမ္ဘာ့မြစ်ကြီးတွေထဲမှာ အနည်းငယ်ပဲ ရှိပြီး အဲဒီမြစ်တွေရဲ့ စီးဆင်းတဲ့ ရေပမာဏဟာလည်း နည်းပါးလာနေပါတယ်။ သိသာမြင်သာ မူနည်းပေမယ့် သေသေချာချာ ပြောကြမယ်ဆိုရင် ပကတိမျက်စေ့နဲ့မမြင်နိုင်တဲ့ ကမ္ဘာ့မြေထုအောက်မှာ ရှိတဲ့ ရေအရင်းအမြစ် ထုတ်ယူ သုံးစွဲမူအကြောင်း ပြောရမှာဖြစ်ပြီး အဲဒီလို ထုတ်ယူသုံးစွဲမူကြောင့် ကမ္ဘာ့ဆွဲငင်အားကို ကြီးစွာအပြောင်းအလဲ ဖြစ်စေနိုင်ပါတယ်။ မြေထုအောက်မှာ ရှိတဲ့ ရေအရင်းအမြစ်တွေကို အာကာသ မှာရှိတဲ့ NASA ကဂြိုလ်တု တွေကတဆင့် ကြည့်ရှုမှတ်တမ်းတင်နိုင်ပါတယ်။ အမေရိကန်၊ အိန္ဒိယ၊ တရုတ်နိုင်ငံ အပါအဝင် နေရာတော်တော်များများ မှာ ကမ္ဘာမြေအောက်က ရေမျက်နှာပြင်(water table) ကျဆင်းနေပါတယ်။

အခုထိတော့ ရေကြောင့် ဖြစ်တဲ့စစ်ပွဲရယ်လို့ ကမ္ဘာမှာမရှိသေးပေမယ့် Darfur မှာဖြစ်နေတဲ့ ရန်စောင်မူတွေက စစ်ပွဲဆီကို ဦးတည်နေပါတယ်။ ရေရဖို့အတွက် တဖွဲ့ နဲ့ တဖွဲ့ အပြိုင်အဆိုင် ဦးကြသလို ရန်လည်းစောင်တတ်ကြပါတယ်။ ကမ္ဘာ့လူဦးရေရဲ့ ၆၀% ထက်ပိုတဲ့ လူတွေဟာ မြစ်ဝှမ်းတခုမှာ မှီတင်းနေထိုင်ကြပြီး အဲဒီမြစ်ဝှမ်းကို နိုင်ငံ နှစ်နိုင်ငံ ဒါမှမဟုတ် နှစ်နိုင်ငံထက် ပိုတဲ့ နိုင်ငံတွေက မှီခိုအားထား နေရလို့ ပြဿနာတွေ ဖြစ်နိုင်ခြေရှိတာ မဆန်းပါဘူး။ တကယ်လို့ ရေမလုံလောက်မူ ပြဿနာဟာ နိုင်ငံတစ်ခု တည်းအတွင်းမှာ ဖြစ်လာတယ်ဆိုရင် ပြောကြပါစို့ အိန္ဒိယ ဒါမှမဟုတ် တရုတ်ပြည် မှာ ဖြစ်ခဲ့မယ် ဆိုရင် အဲဒီပြဿနာကြောင့် လူတွေအစုလိုက် အပြုံလိုက် ရွှေ့ပြောင်းမူတွေ ဖြစ်လာနိုင်ပြီး ခိုက်ရန်ဖြစ်ပွားမူတွေလည်း ရှိလာနိုင်ပါတယ်။

လူတွေအနေနဲ့ ရေအရင်းအမြစ် ရဲ့ ထောက်ပံ့နိုင်တဲ့ပမာဏကို ကြီးမားလာအောင် လုပ်လို့မရပေမယ့် နည်းလမ်းလေးသွယ် နဲ့ အကျိုးရှိရာရှိကြောင်း ဖြစ်အောင် သုံးစွဲနိုင်ပါတယ်။ ပထမနည်းနေနဲ့ ထိန်းသိမ်းမူ နဲ့ဖြန့်ဝေမူစနစ် တိုးတက်ကောင်းမွန်ရန် မြေအောက်ရေသိုလှောင်ကန်တွေ လုပ်ခြင်း၊ စိမ့်ယိုထွက်နေသောပိုက်များကို အစားထိုး တပ်ဆင်ခြင်း၊ အခြေမှာ မြေကြီးရှိသော တူးမြောင်းများ သွယ်တန်းခြင်း၊ အပင်များလိုသလောက်သာ ရေရရှိဖို့ အမြစ်များသို့ ရေပေးသောစနစ်လုပ်ခြင်း စသည်တို့ဖြစ်ပါတယ်။ ဒုတိယနည်းကတော့ ရေသုံးစွဲမူနည်းသော လယ်ယာစနစ် လုပ်ကိုင်နိုင်ဖို့ ကြိုးစားခြင်း ဥပမာအားဖြင့် နည်းစနစ်များဖြင့် ထိန်းချုပ်နိုင်တဲ့ အပင်များစိုက်ပျိုးနိုင်ဖို့ မျိုးဗီဇနည်းဖြင့် မွမ်းမံထားတဲ့ ရေခမ်းခြောက်မူဒဏ် ခံနိုင်ပြီး အထွက်နူန်းကောင်းတဲ့ သီးနှံသစ်များကို စိုက်ပျိုးခြင်း။ တတိယနည်းက ပင်လယ်ရေထဲက ဆားတွေထုတ်ပယ်နိုင်တဲ့ နည်းပညာရှိလာဖို့ ကြိုးစားရမှာဖြစ်ပြီး အဲလိုလုပ်နိုင်ရင် ရေကောင်းရေသန့် ထောက်ပံ့နိုင်တဲ့ပမာဏ ကြီးလာမှာဖြစ်တယ်။ တမူကွဲပြားတဲ့ စတုတ္ထနည်းက ဝယ်လိုအား နဲ့ ရောင်းလိုအား မျှတစေဖို့ ဈေးသတ်မှတ်ပြီး ရေသုံးစွဲသူတွေ အတွက် ရေဈေးကွက် ဖော်ဆောင်ဖို့ပါဘဲ။ သင့်တင့်လျောက်ပတ်တဲ့ ဈေးသတ်မှတ်ပြီးသွားရင် ရေအရောင်းအဝယ် ကုန်သွယ်မူကတွန်းအားပေးနိုင်တာက ရေများများရှိတဲ့နိုင်ငံတွေပေမယ့် ရေကိုအကျိုးရှိအောင် သုံးစွဲပြီး ကုန်ပစ္စည်းပိုမိုထွက်အောင် ကျိုးစားကြသလို ရေနည်းခြောက်သွေ့တဲ့ နိုင်ငံတွေဟာလည်း ရေကို အလေအလွင့်နည်းအောင် ချွေတာ သုံးစွဲလာနိုင်ပါတယ်။

နည်းလမ်းလေးသွယ် နဲ့ ပြဿနာကို ပြေလည်အောင် သူ့နေရာနဲ့သူ လိုအပ်သလို လုပ်ရမှာဖြစ်ပြီး ရေအပို သုံးစွဲနေမူ ပြဿနာကို ချက်ခြင်းရုတ်တရက် လျော့ချရပ်တန့်နိုင်မှာတော့ မဟုတ်ပါဘူး။ ဆိုလိုတာက နည်းစနစ် အသစ်တွေသုံးပြီး သီးနှံအထွက်ကောင်းအောင်၊ မွေးမြူရေးလုပ်ငန်း တိုးတက်အောင် လုပ်ကောင်းလုပ်နိုင်ပေမယ့် ခုချိန်ထိ ရေတပေါက်ပိုပေးတိုင်း အထွက်တိုးတဲ့ သီးနှံမျိုး ဘယ်သူမှ မစိုက်နိုင်သေးဘူး။ ထူခြားသာလွန်တဲ့ နည်းစနစ်တွေ မရှိရင်တော့ သီးနှံတွေ ပိုမိုစိုက်ပျိုးရမှာဖြစ်ပြီး အဲလိုစိုက်ပျိုးလို့ ရေကိုလည်း ပိုမိုသုံးစွဲရမှာဖြစ်သလို သီးနှံတွေအစာချေဖျက်မူ ကတဆင့် ရေငွေ့တွေဟာလည်း လေထုထဲကို ရောက်ကုန်ဦးမှာပါ။

ထုတ်လုပ်တဲ့ နည်းပညာက တိုးတက်နေပြီး လုပ်ကိုင်ရတဲ့ ကုန်ကျငွေ လျော့ကျလာလို့ ပင်လယ်ရေငံ ထဲက ဆားတွေထုတ်ပြီး ရေသန့် ရေချိုရအောင် လုပ်တဲ့ နည်းဟာ မျှော်လင့်ချက်ကောင်းပါတယ်။ ခုချိန်ထိတော့ ဈေးကြီးနေဆဲ(အထူးသဖြင့် လျှပ်စစ်အင်အားသုံးစွဲရလို့) ဖြစ်လို့ ကမ္ဘာ့ရေကောင်းရေသန့် သုံးစွဲမူ ရဲ့ ၀.၄% ပဲထုတ်လုပ် ထောက်ပံ့နိုင်ပါသေးတယ်။ အဲဒီနည်းပညာနဲ့ သောက်ရေသန့် လိုအပ်မူကို အထောက်အပံ့ပေးနိုင်မှာကတော့ သံသယဖြစ်စရာ မရှိသလို အချို့စက်မူလုပ်ငန်းတွေရဲ့ အလွန်သန့်စင်တဲ့ရေ လိုအပ်မူကိုလည်း ဖြည့်ဆည်းပေးနိုင်မှာ ဖြစ်ပြီး နိုင်ငံခြားပို့ကုန် အတွက် စိုက်ပျိုးတဲ့ ဈေးကြီးသီးနှံစိုက်ခင်းတွေအတွက်တောင်မှ ရေပေးဝေနိုင်မှာပါ။ ဒါပေမယ့်လည်း စိုက်ပျိုးရေးသမား အများစုရင်ဆိုင်နေရတဲ့ ရေအခက်အခဲ ကိုတော့ဖြေရှင်းနိုင်စွမ်းမရှိပါဘူး။

ဈေးကွက်ဝင်ဖို့ အတွက် ရေနဲ့ပတ်သက်တဲ အခက်အခဲတွေက သယ်ယူပို့ဆောင်ရန် ခက်ခဲခြင်း၊ တိုင်းထွာရန် ခက်ခဲခြင်း၊ ဈေးသတ်မှတ်ရန် ခက်ခဲခြင်း နဲ့ လူတော်တော်များများ က အခမဲ့ ရသင့်တဲ့ ကုန်ပစ္စည်း တစ်ခုလို့ သတ်မှတ်ထားတော့ ငွေတောင်းခံ ဖို့ ခက်ခဲခြင်းတို့ ဖြစ်ပါတယ်။ ရေရှားပါးတဲ့ ဒေသတွေမှာ ရေဟာ တပေါက်ဆို ဆိုသလောက် အသုံးဝင်မူတန်ဖိုး ရှိပေမယ့် သူ့ရဲ့ဈေးနူန်းကတော့ ရှားပါးသလောက် ဈေးမကြီးပါဘူး။ တနေ့မှာ ရေပိုင်ဆိုင်ခွင့် ကုန်သွယ်မူဟာ အိန္ဒိယက ၂၀ မီလီယံ တွင်းရေသုံးစွဲသူတွေ အပေါ်သက်ရောက် မူရှိလာနိုင်ပေမယ့် အဲဒီတနေ့ဆိုတဲ့ အချိန်ဟာ ခန့်မှန်းတွက်ချက်မူအရ ၂၀၂၅ ခုနှစ်မှာ ၁.၄ ဘီလီယံ  ရှိလာနိုင်တဲ့ပါးစပ်ပေါက် တွေကို တိုက်နိုင်ဖို့အတွက် လုံလောက်တဲ့ အချိန်ကာလ မဟုတ်သေးပါဘူး။ 

ရေပြဿနာကို မပြေ ပြေလည်အောင်ဖြေရှင်းရမယ်လို့ ဆိုလာခဲ့ရင် ရေသုံးစွဲမူကို ကျယ်ကျယ်ပြန့်ပြန့် စီမံခန့်ခွဲခြင်းအားဖြင့်သာ ဖြေရှင်းနိုင်မှာပါ။ ရေသုံးစွဲခြင်း ဆိုင်ရာ စီမံခန့်ခွဲမူကို အိန္ဒိယ နဲ့ တရုတ်ပြည် ရဲ့အချို့နေရာတွေမှာ စတင်နေတာက လယ်ယာစိုက်ပျိုးရေးသမား တွေဟာ ရေစုပ်တင်ရာမှာ ရေပမာဏကို ဘယ်လိုတိုင်းတာရမယ် ဆိုတာ လေ့လာရပြီး နောက် အကျိုးရှိအောင်ဘယ်လိုသုံးစွဲရမယ် ဆိုတာ နဲ့ အဲလိုအသုံးပြုခြင်းအားဖြင့် မြေကြီးအောက်က ရေကို စုပ်ယူထိမ်းသိမ်းထားနိုင်တဲ့ ကျောက်စိုင်ကျောက်ခဲ တွေ မပျက်စီးစေဘဲ အကျိုးရှိပုံ ကိုသင်ယူရတယ်။ လတ်တလော အရေးတကြီး လိုအပ်တာက အဲဒီနည်းပညာတွေကို နိုင်ငံအတွင်းမှာလည်း လက်တွေ့ကျင့်သုံးပြီး အခြားနိုင်ငံတွေဆီလည်း ပြန့်အောင် ဖြန့်ဝေဖို့လိုပါတယ်။

အကယ်၍ ကမ္ဘာမှာ ရေပမာဏ တဖြည်းဖြည်းခြင်း ကုန်ခမ်းနေမူကို ကန့်သတ်နိုင်ခဲ့ရင် တောင်မှ ရေနဲ့ပတ်သက်တဲ့ အခြား ပြဿနာတွေကတော့ ရှိနေဦးမှာပါ။ လူဦးရေ ၁ ဘီလီယံခန့် ဟာ အတော်အသင့်ကောင်းမွန်တဲ့ရေရရှိသုံးစွဲခွင့်တောင် မရှိ ဖြစ်နေဆဲဖြစ်ပြီး အချို့လူတွေကတော့ ရေကြီးတဲ့ပြဿနာ၊ ညစ်ပတ်တဲ့ရေပြဿနာ၊ ရေဆိုးမြောင်း စီးဆင်းမူ မကောင်းတဲ့ ပြဿနာ၊ သုံးရေပုံမှန်မရတဲ့ ပြဿနာတွေနဲ့ ရင်ဆိုင်နေရဆဲ ဖြစ်ပါတယ်။ လူတွေက အဲဒီပြဿနာတွေကို တကယ် ဖြေရှင်းလိုစိတ်ရှိခဲ့ရင် ပြေလည်သွားအောင် လူတွေကိုယ်တိုင် ပဲ ဖြေရှင်းနိုင်ပါတယ်။ လူတွေဟာ  ရေပြဿနာလောက် အရေးမကြီးတဲ့ ပြဿနာအသေးအမွှားလေးတွေကို ရေးကြီးခွင်ကျယ် လုပ်ပြီး အဲဒီ အသေးအမွှား ကိစ္စတွေမှာ ငွေကို ပုံအော သုံးဖို့တော့ တတ်ကြတယ်။ ရေပြဿနာ ကို ပြေလယ်အောင် ဖြေရှင်းနိုင်ရင်ဖြင့် လူသားတွေ ရင်ဆိုင်ခံစားနေရတဲ့ ရောဂါဘယ ထူပြောမူ ပြဿနာ၊ အငတ်ဘေးပြဿနာ တွေဟာ အလိုလို နည်းပါး သွားမှာပါ။ ကမ္ဘာ့တန်ဖိုး အရှိဆုံး အရာကို ကောင်းမွန်စွာ အသုံးပြုနိုင် ရေးအတွက် ငွေအင်အားတွေ အကြံဉာဏ်တွေ ပိုမိုရင်းနှီးမြုပ်နှံ တာဟာ တကယ် တန်ဖိုးရှိ အကျိုးကျေးဇူးများပါတယ်။


မူရင်းဆောင်းပါး



4 comments:

SHWE ZIN U said...

မှန်ပါတယ် ကိုယောနက်သန် ရယ်

ရေဟာ အရေးကြီး ဆုံးပါ မြန်မာပြည်က ရွှေစင်ဦးလေး သိပါတယ်


ရွှေစင်ဦး

ကိုအောင် said...

ရေတန်ဖိုးကို လာဖတ်သွားပါတယ်၊ အားပေးလျက်။

T2A said...

ဖတ်လို.ကောင်းလိုက်တာဗျာ ။ အမှုမဲ့အမှတ်မဲ့ သတိမထားမိတဲ့ပြဿနာတစ်ရပ်ပဲနော........။ ခုပဲကြည့်လေ........အင်းလေးကန်က ရေခမ်းနေပြီတဲ့..............တိုင်းပြည်ကလည်း လုပ်စရာတွေအများကြီးဗျာ...။ အရေးထဲမှာ ဒီစစ်အစိုးရက နေရာတိုင်းမှာ ကန်.လန်.ဗျာ။

Myanmar Good Knowledg Co., Ltd said...

မင်္ဂလာပါ။
ကမ္ဘာ့ဖလားကြည့်နေလို့မအားဘူးထင်တယ်။
ရပါတယ်။ အေးအေးဆေးဆေးကြည့်ပါ။
ကမ္ဘာ့ တန်ဖိုးအရှိဆုံးအရာကို ဖတ်သွားပါတယ်နော်။
ခင်မင်လျှက်

Post a Comment

ခြေရာလေးများ ချန်ကာထားခဲ့ပါ

 
Creative Commons License
This work by http://yawnetthan.blogspot.com is licensed under a Creative Commons Attribution-Non-Commercial-No Derivative Works 2.0 UK: England & Wales License.