Monday, June 7, 2010

ကမ္ဘာ့ဖလား

ကမ္ဘာ့ဖလား ဘောလုံး ပြိုင်ပွဲသည် တကမ္ဘာလုံးကို အရိုက်ခတ်ဆုံး အားကစား ပြိုင်ပွဲဖြစ်သည်။ တခါဖူးမျှ သေချာစွာ မကန်ဘူး သော်လည်း ပွဲကြီးများ ဆိုလျှင် ကြည့်ဖြစ်သည်။ အချို့ ဘောလုံးဝါသနာအိုးများ ကဲ့သို့ ဘောလုံးပွဲသမိုင်း၊ အားကစား  သမားများ ရဲ့ သမိုင်းကို သေသေချာချာ မသိပါ။ သို့သော်လည်း ဘောလုံး ဝါသနာအိုးမျာ့း စကားဝိုင်း ဝင်ဆန့် နိုင်ရန် ဟိုတစ်စ၊ သည်တစ်စ သိထားတာလေးနှင့် ကိုယ်အတော်သိလေဟန် ဝင် ဝင်၍လည်း ပြောတတ်ပါသည်။

ကိုအောင်(ပျူနိုင်ငံ) က ၂၀၁၀ ကမ္ဘာ့ဖလား ခန့်မှန်းချက် မေးထား သောကြောင့် ကိုယ်ထင်ရာ ကိုပြောလိုက်ပါပြီ။ နှမ်းထွက်တော့ ကိုက်မကိုက် မသိဘူး ကိုအောင်ရေ။

အင်္ဂလန်၊ ဘရာဇီး၊ စပိန်၊ အီတလီ ထဲက တစ်သင်းသင်း ဖလားရမည်ဟုထင်ပါသည်။

အင်္ဂလန် အသင်း ကိုနိုင်စေချင်သည်။ ကစားသမားများ အားလုံးလိုလို ကောင်းကြသည်။ “တော်တော်များများ က သူတို့ရဲ့ prime time ကိုရောက်နေပြီလို့” သူငယ်ချင်း တစ်ယောက်ကမှတ်ချက် ပေးသည်။ အချို့က ၃၀ ပတ်ဝန်းကျင် ရောက်နေပြီဖြစ်လို့ နောက်ထပ် ကမ္ဘာ့ဖလားမှာ ဝင်ကစားခွင့်ရဖို့ သိပ်မသေချာ တော့ပါ။ မီးကုန် ရမ်းကုန် အစွမ်းပြ ကြိုးစားကစားကြ လိမ့်မည်ဟုမျှော်လင့်ရသည်။ အထူးသဖြင့် အသင်းရဲ့ မန်နေဂျာ ဖြစ်သူ Fabio Capello ကြောင့်ပို၍ မျှော်လင့်ချက်ထားကြသည် ထင်သည်။ သူဟာ Serie A Title လေးခု နဲ့ European Cup တစ်ခုကို ငါးနှစ်အတွင်းမှာ Milan အသင်းကိုအုပ်ချုပ်စဉ်က ရခဲ့ဖူးပါသတဲ့။ အခြား အီတလီ အသင်းနဲ့ နှစ်ခု၊ စပိန် အသင်းနဲ့ နှစ်ခုလည်း ရဖူးပါတယ်။ သူ့မှာ ရှုံးတယ်ဆိုတဲ့ ဓလေ့စရိုက် မရှိဘဲ သူရဲ့ နည်းပြ ရာဇဝင်ဟာ ဖလားတွေနဲ့ ရွှေရောင်လွှမ်းနေပါတယ်။ သူဟာ စပိန်ဘောလုံး လောကအကြောင်းကိုလည်း နောကျေသူဖြစ်ပါတယ်။ အင်္ဂလန် အသင်းဟာ အာဂျင်တီးနား  နဲ့ကစားခဲ့တဲ့ တလျောက်မှာလည်း မှတ်တမ်းကောင်းတွေ ရှိခဲ့ပါတယ်။ ဘရာဇီး နဲ့ တွေ့မယ်ဆိုရင်တော့ တကယ့်ပွဲကြီး၊ပွဲကောင်း ကြည့်ရမှာပါ။

ဂျာမဏီ၊ အီတလီ နဲ့ ပြင်သစ် အသင်းတွေရဲ့ ဖောင်ကလည်း မကောင်းကြဘူးလို့ပြောကြတယ်။ ဒါပေမယ့် အီတလီ အသင်းကိုတော့ လျော့မတွက်ရဲဘူး။ ဒီကောင်တွေက အိပဲ့ အိပဲ့ နဲ့တက်လာပြီး ဖလားယူတတ်တယ်။

Rio Ferdinad နာသွားလို့ မကစား နိုင်တာကတော့ တအားလျော့စရာပါ။ ဘရာဇီး နိုင်ငံရဲ့ ဒုတိယ အကြီဆုံး မြိုတော်ရဲ့ နာမည်က Rio de Janeiro ပါ။ ကောင်းတဲ့အသင်းကို နှိမ့်ချပြီး ကိုယ့်နည်းကိုယ့်ဟန်နဲ့ Rio တို့ဒီနှစ်ထွက်ရမယ်လို့ နိမိတ်ကောက်မှထင်တယ်။ :)

4 comments:

ကိုအောင် said...

Tag ဂိမ်းကို အခုလို ရေးပေးတာ ကျေးဇူးကမ္ဘာပါ။
ယောနက်သန် မှန်းသလို ဖြစ်လာပါစေလို့ ၀ိုင်းပြီး ဆုတောင်းပါတယ်။

SHWE ZIN U said...

ကိုယောနသန် ရေ

ရွှေစင်ဦးကတော့ အင်္ဂလန် ကို နိုင်စေချင်ပေမဲ့ သိပ်တော့ မထင်ဘူး ကဲပါလေ အချိန်တန်တော့လည်း အနိုင်ရမှာက တသင်းထဲ ပါဘဲ

လောင်းချင်ရင် ရတယ်နော် ကိုအောင် က တက်ဂ် ရေးခိုင်းသလို ဒိုင်လည်း ကိုင်မယ်တဲ့ အဟဲ...

ခင်မင်စွာဖြင့်
ရွှေစင်ဦး

Anonymous said...

ကိုယောတိယောရာ ယောဆရာရေ
ဘောပွဲလာကြည့် အဲ ဖတ်သွားပါတယ်

အင်္ဂလန်၊ ဘရာဇီး၊ စပိန်၊ အီတလီ ထဲက တစ်သင်းသင်း ဖလားရမည်ဟုထင်ပါသည်။
မှန်းတယ်ဆိုတာ မှန်းတာဘဲဗျ အန်ဂလင်က ဒိတ်အောက်နေပြီ ။ နားလည်လို့တော့ ဟုတ်ပေါင်ဗျာ လူပြောသူပြော ဂျာနယ်ပြောနဲ့ ဝေဖန်ရေး လုပ်သွားပါတယ်

ခင်တဲ့
seesein

thawzin said...

ခြေရာချန်ခဲ့ပါတယ်ဗျာ။ ဘောလုံးကို ၀ါသနာပါပါတယ်။ ကြည့်ရတာ ၀ါသနာသိပ်မပါဘူး။ ကိုယ်တိုင်ကန်ရတာ ၀ါသနာပိုပါတယ်။ ကမ္ဘာဖလားကတော့ ဆင်းမီးတတ်တဲ့ နှစ်သင်းထဲက တစ်သင်းတော့ရမှာသေချာပါတယ် :P

Post a Comment

ခြေရာလေးများ ချန်ကာထားခဲ့ပါ

 
Creative Commons License
This work by http://yawnetthan.blogspot.com is licensed under a Creative Commons Attribution-Non-Commercial-No Derivative Works 2.0 UK: England & Wales License.