Wednesday, September 2, 2009

ပေါ်လီယာနာ သို့ အလွမ်း ...

(၁)
ပေါ်လီယာနာ
ဒီညတော့
မင်းရဲ့ည ဖြစ်တော့မှာပဲ
ဒီလိုပဲတွေးခဲ့မိတယ်
(၂)
ပေါ်လီယာနာ
ငါ ... လေ
မင်းရဲ့နှုတ်ခမ်းလေးတွေ
မင်းရဲ့ မျက်ဝန်းအကြည့်တွေ
ဒီအချိန်မှာ ...
အမှန်တကယ် လိုအပ်နေခဲ့ပါပြီ
(၃)
ကောင်မလေးတစ်ယောက်ရဲ့
အကြည့်ရိပ်ရိပ် အောက်မှာ
ကောင်လေးတစ်ယောက်
ပြည့်ပြည့် ၀၀ ပြုံးသွား
ငါလည်း ဒီလိုပဲ
ပေါ့ပေါ့ ပါးပါး ပြုံးပါရစေကွယ်
အဲဒီအချိန် အခိုက်အတန့်လေး ဖြစ်ဖြစ်
အပြစ်အနာအဆာတွေနဲ့
ကမ္ဘာလောကကို
စိတ်ချထားချင်တယ်
(၄)
ပေါ်လီယာနာ
ရာသီဥတုတွေက
အပြောင်းအလဲ မြန်လွန်းတယ်
သတိမထားမိတဲ့ ကိုယ့်မှာ
ဖျားနာနေခဲ့ပေါ့
မင်း နှလုံးသားလေးရော
အရင်လို
ရိုးသားဖြူစင်နေဆဲလား ... ဟင်...
(၅)
ပေါ်လီယာနာ
ခုချိန်ဆို
မင်းဘယ်မှာ ရှိနေမလဲလို့
ငါတွေးနေမိတယ်
ငါ့ နှလုံးသားထဲမှာ
ထာဝရ
ခိုနားလှည့်ပါကွယ်         

(တောကျီးကန်း)
(၇ ၊ ၁၂ ၊ ၂၀၀၅)

1 comments:

Ko Toe Gyi ( Multiply Boo Boo Gyi ) said...

ခုမှ ရောက်ဘူးတော့ ခုမှဘဲ ဖတ်ဖြစ်တယ်ဗျိုး ကောင်းတယ်ဗျာ

Post a Comment

ခြေရာလေးများ ချန်ကာထားခဲ့ပါ

 
Creative Commons License
This work by http://yawnetthan.blogspot.com is licensed under a Creative Commons Attribution-Non-Commercial-No Derivative Works 2.0 UK: England & Wales License.