သီချင်း၊ ဂီတ ဝါသနာပါသူတွေ အတွက် ကျနော်ဖတ်ခဲ.ရတဲ့ သတင်းတစ်ပုဒ်ကို ပြန်လည်ဝေမျှတာပါ။ ယူကေ အခြေစိုက် NME ဂီတ မဂ္ဂဇင်း က သဘောထား ကောက်ခံ ပြုစုထားတဲ့ ၁၀ နှစ်အတွင်း အကောင်းဆုံး Album ၅၀ စာရင်း အကြောင်း Guardian သတင်းစာမှာပါတဲ့သတင်းပါ။
နယူးယောက် ရော့ခ်အဖွဲ့ The Strokes ဟာ ယူကေက အင်ဒီးစတားလည်းဖြစ်၊ အတင်း ရေးတဲ့ စာစောင်တွေရဲ့ အချစ်တော်လည်း ဖြစ်တဲ့ The Libertines ကိုကျော် ဖြတ်ပြီး ပထမနေရာကို ရခဲ့ပါတယ်။ The Libertines ကတော့ ဒုတိယပါ၊
Pete Doherty နဲ့ Carl Barat တို့အရင်က ပါဝင်ခဲ့တဲ့ The Libertines ရဲ့ ပွဲဦးထွက် Album, Up The Bracket ဟာ ပရိတ်သတ်အများ ရဲ့ အာရုံကို စွဲဆောင် ကိုင်လှုပ် နိုင်ခဲ့ပေမဲ့ NME ရဲ့ အကောင်းဆုံး ၅၀ စာရင်းမှာတော့ The Strokes ရဲ့ ပထမဆုံး Album က ထိပ်ဆုံးနေရာကိုယူသွားခဲ့ပါတယ်။
Primal Scream ရဲ့ xtrmntr က တတိယ နေရာကို ယူပြီး ဂစ်တာအဓိက ဦးဆောင်တဲ့ ရော့်ခ်ဂီတ က ထိပ်ဆုံးနေရာတွေမှာဘဲ ရှိနေသေးကြောင်း ပြခဲ့ပါတယ်။
အကောင်းဆုံး Album ၅၀ ကို မဲပေး ရွေးချယ် ခဲ့သူတွေ ဟာ Radiohead, Arctic Monkeys တို့လို နာမည်ကြီး ဂီတဝိုင်းတွေ သာမက သီချင်းထုတ်လုပ်သူတွေ၊ ဓာတ်ပြားတိုက်ပိုင်ရှင်တွေ လည်းပါ ပါတယ်။
The Strokes ရဲ့ ပင်တိုင် အဆိုတော် Julian Casablancas က သူတို့ အဖွဲ့ရဲ့ အောင်မြင်မူဟာ ဒီဆယ်စုနှစ် ဂီတရဲ့အကောင်းကိုရည်ညွှန်းတာလား၊ အဆိုးကိုရည်ညွှန်းတာလားဆိုတာကိုတော့ သူမသိပါဘူးတဲ့။ ဒါပေမဲ့ သူတို့အဖွဲ့ရဲ့
အောင်မြင်မူအကြောင်း ကြားသိရတာကတော့ သတင်းကောင်းပါတဲ့။
Album အတွက် သီချင်း သွင်းရတာ ပျော်စရာပါ။ စိတ်ဖိစီးမူတွေ များသလို၊ စိတ်လှုပ်ရှားစရာလည်း ကောင်းပါတယ်။ ဒီအလုပ်ကို ကျနော် ချစ်တယ်။ စွန့်ခွာလိုစိတ်လည်း မရှိပါဘူးလို့လည်းပြောပါသေးတယ်။
NME မဂ္ဂဇင်း ဟာ The Strokes နဲ့ The Libertines နှစ်ဖွဲ့လုံး ကို ကောင်းချီးဩဘာပြု ရေးသား ခဲ့တာ နှစ်တော်တော် ကြာပါပြီ။
Is This It, Album ရဲ့မျက်နှာဖုံး ပုံက လက်အိပ် အနက် တခုတည်း ကိုသာဝတ်ထား တဲ. မော်ဒယ် တစ်ယောက်ရဲ့ ပုံနဲ့ ဖြစ်ပြီး Album ထွက်တဲ့ ၂၀၀၁ခုနှစ် ရဲ့ ရေပန်း အစားဆုံး လည်း ဖြစ်ခဲ့ပါတယ်။ လူတော်တော် များ က ၁၉၇၀
ခုနှစ် နှောင်ပိုင်း က ဂီတ ပုံစံ လို့မှတ်ချက် ပြုကြ ပြီး အဲဒီတုံး ကနာမည် ကြီးခဲ့တဲ့ Television Band တို့လိုဝိုင်း တွေကို ပြန်ပြောင်း သတိရစေခဲ့ပါတယ်။
The Libertines ရဲ့ ပထမ Album ဟာ ၂၀၀၂ ခုနှစ် မှာ သိပ်မွမ်းမံ မထားတဲ့ ပန့်ခ် ဆန်တဲ့ ပုံစံနဲ့ထွက်ခဲ့ ပြီး လူငယ်ပရိတ်သတ် ရဲ့အားပေးမူ ကို ရခဲ့ပါတယ်။ ဂီတ ထုတ်လုပ်သူကတော. တချိန်က နာမည်ကြီး ပန့်ခ် အဖွဲ့ဖြစ်တဲ့
The Clash ရဲ့ ဂစ်တာသမား၊ သီဆိုသူ Mick Jones ပါ။ မူးယစ်ဆေးဝါး မူတွေနဲ့ ရှုပ်ထွေး နေခဲ့တော့ Libertines ဟာ အဖွဲ့ မပျက်ပေမဲ့ သီဆို ဖျော်ဖြေနိုင်ခြင်း မရှိဘဲ ၂၀၀၄ ခုနှစ်မှဘဲ တကြော့ပြန် ပေါ်ထွက်လာ ပါတယ်။
အဲဒီ နောက်ပိုင်းမှာတော့ Pete Doherty ဟာ သူ့ကိုယ်သူ Peter လို့ကင်ပွန်းတပ်၊ Babyshambles အဖွဲ့ ကိုထောင်ခဲ့ပြီး တစ်ကိုယ်တော် လည်းသီဆိုAlbum ထုတ်ပါတယ်။ သူရဲ့ Libertines အဖွဲ့သား၊ သီချင်းရေး သူ Calr Baratကတော့ Dirty Pretty Things အဖွဲ့ ကိုဦးဆောင်ခဲ့ပါတယ်။ အခုတော့ လည်းနှစ်ယောက် စလုံးက
အဖွဲ့ပြန်လည်ပေါင်းစည်း ဖို့ ညှိနှိုင်းဆွေးနွေးနေတယ် လို့ဆိုကြပါတယ်။
The Libertines ရဲ့ ဒုတိယ Album, The Libertines ဟာလည်း NME ရဲ့ ထိပ်ဆုံး Album ၅၀ စာရင်း မှာဝင်ခဲ့ပါတယ်။
၂၀၀၂ ခုနှစ် ကတော့ အကောင်းဆုံး တွေကို ကိုယ်စား ပြုနိုင် တဲ့နှစ် လို့ဆိုရလောက်အောင် အဲဒီနှစ် မှာ ထွက်ခဲ့တဲ့ Album ၈ ခုတောင် စာရင်း ဝင်ခဲ့ပါတယ်။ Interpol,The Streets နဲ့ Queens of the Stone Age အဖွဲ့တို့ ရဲ့ စာရင်းဝင် Album တွေဟာလည်း အဲဒီနှစ်မှာထွက် ခဲ့ကြတာပါ။
NME ရဲ့ အယ်ဒီတာ Krissi Murison က ဒီစာရင်း ဟာဆယ်စုနှစ်ရဲ့ အကောင်ဆုံး Album တွေကိုဖော်ပြတဲ့ အမှန်အကန်စာရင်း ဖြစ်ပြီး မဲပေး သူတွေကလည်းအဲဒီဆယ်စုနှစ် ရဲ့ အကောင်း ဆုံး ဂီတဖြစ်အောင် ထုတ်လုပ်ရာမှာ ကိုယ်တိုင်
ပါဝင် ခဲ့တဲ့ သူတွေ ဖြစ်ကြပါတယ်လို့ဆိုပါတယ်။
-kz
NME's top 50 albums of the decade
1. The Strokes - Is This It
2. The Libertines - Up the Bracket
3. Primal Scream - xtrmntr
4. Arctic Monkeys - Whatever People Say I Am, That's What I'm Not
5. Yeah Yeah Yeahs - Fever to Tell
6. PJ Harvey - Stories from the City, Stories from the Sea
7. Arcade Fire - Funeral
8. Interpol - Turn On the Bright Lights
9. The Streets - Original Pirate Material
10. Radiohead - In Rainbows
11. At The Drive In - Relationship of Command
12. LCD Soundsystem - The Sound of Silver
13. The Shins - Wincing the Night Away
14. Radiohead - Kid A
15. Queens Of The Stone Age - Songs for the Deaf
16. The Streets - A Grand Don't Come for Free
17. Sufjan Stevens - Illinoise
18. The White Stripes - Elephant
19. The White Stripes - White Blood Cells
20. Blur - Think Tank
21. The Coral - The Coral
22. Jay-Z - The Blueprint
23. Klaxons - Myths of the Near Future
24. The Libertines - The Libertines
25. Rapture - Echoes
26. Dizzee Rascal - Boy in Da Corner
27. Amy Winehouse - Back to Black
28. Johnny Cash - Man Comes Around
29. Super Furry Animals - Rings Around the World
30. Elbow - Asleep In the Back
31. Bright Eyes - I'm Wide Awake, It's Morning
32. Yeah Yeah Yeahs - Show Your Bones
33. Arcade Fire - Neon Bible
34. Grandaddy - The Sophtware Slump
35. Babyshambles - Down in Albion
36. Spirtualized - Let It Come Down
37. The Knife - Silent Shout
38. Bloc Party - Silent Alarm
39. Crystal Castles - Crystal Castles
40. Ryan Adams - Gold
41. Wild Beasts - Two Dancers
42. Vampire Weekend - Vampire Weekend
43. Wilco - Yankee Hotel Foxtrot
44. Outkast - Loveboxxx/The Love Below
45. Avalanches - Since I Left You
46. Delgados - The Great Eastern
47. Brendan Benson - Lapalco
48. Walkmen - Bows and Arrows
49. Muse - Absolution
50. MIA - Arular
21022025
5 weeks ago