Thursday, November 25, 2010

JFK ရဲ့မိန့်ခွန်းမှ ကောက်နှုတ်ချက်

"ask not what your country can do for you - ask what you can do for your country"
                                                                                           

                                                                                              John F Kennedy
                                                                                Inaugural Address, January 20th 1961

"ငါ့အတွက် တိုင်းပြည်က ဘာလုပ်ပေးနိုင်မှာလဲလို့ မမေးကြပါနဲ့၊ တိုင်းပြည်အတွက် ငါက ဘာလုက်ပေးနိုင်မှာလဲလို့သာ ကိုယ့်ကိုယ်ကို မေးကြည့်ကြပါ"

မှတ်ချက်။  ။ ဘာသာပြန်ကို မရွှေစင်ဦး ဘလော့တွင် တင်ထားသော မောင်ပေါ်ထွန်း ဘာသာပြန်သည့် ကမ္ဘာရန် မှကူးယူဖေါ်ပြ။

Wednesday, November 24, 2010

ဂလိုဘယ်လှိုက်ဇေးရှင်း

သတ္တဝါတွေထဲမှာ လူဟာ ဉာဏ်ရည်အမြင့်ဆုံး...
ဆိုပြီး နေထိုင် စဉ်းစား ကြီးပြင်း တွေးတော တီထွင် တိုးတက် ခမ်းနား
ကမ္ဘာကြီးဟာ ကြုံ့လာခဲ့ အချို့နေရာတွေအတွက်တော့ ပိုမိုဆန့်ထွက်ရှည်လျားနေဆဲပဲ
အသုံးအဆောင် ပစ္စည်း နည်းပညာတွေနဲ့အတူ လောဘလည်း တိုးပွားလာခဲ့
ကမ္ဘာ့ငွေကြေး အကြပ်အတည်း၊ ယူရိုငွေကြေးစနစ်ပြိုကွဲတော့မှာလား
ဘာသာရေး အစွန်းရောက်အဖွဲ့ကွန်ယက်တွေကတော့ ခိုင်မြဲနေတုန်းဘဲ
ရုရှားမှာတောမီးကြောင့် ဂျုံစိုက်ခင်းတွေ ပျက်စီး၊ နောက် ပါကစ္စတန်မှာပါရေကြီးစေတယ်
စားသုံးကုန်ပစ္စည်းဈေး ဆက်တက်ဦးမှာဘဲ
တောင်ကိုရီယားမှာ ဂေါ်ဖီထုပ်ဈေးကြီး
ကိုရီးယာ တောင် နဲ့ မြောက် တဖက်နဲ့တဖက် ပစ်ခတ်ကြ
ဒါဟာ အရှေ့ နဲ့ အနောက် အတွက်အစလား
ကြီးထွားလာတဲ့ တရုတ်အတွက် အင်အားပြဖို့ အကွက်လား
ကမ္ဘာကြီးဟာ နေလို့ထိုင်လို့ကောင်းတဲ့ ရွာကြီးတစ်ရွာဖြစ်လာ နေပြီ/မှာ လား
လှိုက်စားနေတဲ့ လူမူ့အဖွဲ့အစည်းလား။  ။

24.11.2010

Tuesday, October 26, 2010

အောက်တိုဘာလ ပွဲလမ်းသဘင်များ

အောက်တိုဘာလ ၂ ရက်နေ့ တွင် SOAS University, Brunei Gallery မှာ DPNS ယူကေဌာနခွဲ က “မြန်မာနိုင်ငံ ၂၀၁၀ ရွေးကောက်ပွဲနှင့် ရွေးကောက်ပွဲလွန်ကာလ" ဆိုတဲ့ခေါင်းစဉ်နဲ့လုပ်တဲ့ ဆွေးနွေးဟောပြောပွဲကို သွားဖြစ်တယ်။ ဥက္ကဌ ဦးအောင်မိုးဇော် က မြန်မာ့နိုင်ငံရေးအခြေအနေ၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ အဲဒီဥပဒေ ကိုလက်မခံနိုင်စရာ အချက်တွေနဲ့ အဲဒီလိုလက်မခံနိုင်တာကြောင့် ၂၀၁၀ ရွေးကောက်ပွဲကို သပိတ်မှောက်သင့်ကြောင်း၊ သပိတ်မှောက်ရမှာဖြစ်ကြောင်း နဲ့ ပူးပေါင်းပါဝင်ကြပါ လို့  ပြောပါတယ်။ ရွေးကောက်ပွဲ ဖြစ်ခဲ့ရင်လည်း ရလဒ်ကို အသိအမှတ်မပြုဘဲ ဆန့်ကျင်ကန့်ကွက်သွားရမှာဖြစ်တယ်လို့ပြောပါတယ်။ တွေ့ဆုံဆွေးနွေး အဖြေရှာခြင်းဖြင့်သာ မြန်မာ့နိုင်ငံရေး ပြဿနာတွေကို ပြေလည်စေနိုင်မယ်လို့ ပြောပါတယ်။ တက်ရောက်လာသူတွေ ကလည်းသိလိုသည်များကို မေးမြန်းခြင်း၊ သူတို့ရဲ့ အမြင်များကို တင်ပြဖလှယ် ဆွေးနွေးခြင်းများ လုပ်ကြပါတယ်။

အောက်တိုဘာ ၁၄ ရက်နေ့ က Freeword Centre မှာလုပ်တဲ့ Burmese Art Festival ဖွင့်ပွဲကိုသွားခဲ့တယ်။ ပန်းချီကား အချို့ ပြထားတယ်။ ဝင်းဖေ၊ ခင်မောင်ရင်၊ ပိုပို၊ ထိန်လင်း တို့ရဲ့ ပန်းချီကားတွေ ကြည့်ဖြစ်တယ်။ ပိုပို ရဲ့ Digital Art က စိတ်ဝင်စားစရာ။ နာမည်က Identity Crisis တဲ့။ နိုင်ငံစုံက လူပေါင်း ၁၀၀ ရဲ့ ပုံတွေရိုက် ပြီးတော့ ၃၊၄ ပုံကို ရော/ထပ် ပြီး ထုတ်ထားတဲ့ အစစ်ရဲ့ပုံမဟုတ်တဲ့ ပုံသစ်တစ်ပုံရတယ်။ ကြည့်ရ မြင်ရတဲ့ ပုံက လူအစစ်တယောက်ရဲ့ ပုံ မဟုတ်ဘူး။ ဇေယျာလင်း၊ မိုးဝေး၊ ခရမ်းပြာထက်လူ နဲ့ ကြည်ဇော်အေး တို့ရဲ့ ကဗျာတစ်ပုဒ်စီကို မြန်မာလိုရော အင်္ဂလိပ်လိုပါ ရွတ်တယ်။ နောက် မြန်မာပြည်ကျောက်စိမ်း ကဆိုင်းတီးပြီး(Live တီးတာနဲ့အဆို Pre Record ကို Mix လုပ်ထားတယ် ထင်တယ်) မင်းသမီး ၃ လက်ကတယ်။ သီချင်းက နတ်သီချင်း တစ်ပုဒ်လို့ထင်တယ်။ နောက်တော့ နုနုရည်(အင်းဝ) က သီချင်းတစ်ပုဒ် ဆိုပြီး မြန်မာပြည်ကျောက်စိမ်း ကတီးတယ်။ သားစိုး က အတီးပိုင်းမှာ ပံ့ပိုးပေးတယ်။ မိုးစက် ရဲ့ Peformance ကိုလည်းကြည့်ရတယ်။ နောက်အစီအစဉ်က မြန်မာပြည်ကျောက်စိမ်း နဲ့ မိုးနိုင် တို့ ဆိုင်းနဲ့စန္ဒရား ကိုတွဲတီးတယ်။ နောက်ဆုံး အစီအစဉ်ကတော့ သားစိုး ရဲ့ ဖျော်ဖြေမူပါ။ ဆိုင်းလက်သံ နားထောင်ရတာကျေနပ်မိတယ်။

အောက်တိုဘာ ၂၃ ရက်နေ့က SOAS University မှာလုပ်တဲ့ နုနုရည်(အင်းဝ) ရဲ့ စာပေဟောပြောပွဲ ကိုသွားဖြစ်တယ်။ ဆရာမပြောတာ နားထောင်လို့ကောင်းတယ်။ စာစီစာကုံးကောင်း တစ်ပုဒ်ကိုဖတ်ရသလိုပဲ။ ဆရာမ ရဲ့ဟောပြောချက်ကို ကောင်းကင်မဂ္ဂဇင်း မှာ တင်ကြလိမ့်မယ်ထင်တယ်။ အဲဒီတော့ ကျနော် ဘာမှမညွှန်းတော့ပါဘူး။ သူတို့ တင်တော့မှ နားဆင်ကြည့်ကြပါခင်ဗျား။

26.10.2010


Sunday, October 24, 2010

ကမ္ဘာကြီးက မြန်မာကိုမသိချင်ယောင်ဆောင်ထား လို့ နိုဘယ်ဆုရ Sen ကပြော

Amartya Sen, Indian economist, philosopher, an...Image via Wikipedia
ဝါရှင်တန် - စီးပွားရေးဆိုင်ရာ နိုဗယ်ဆုရ ဖြစ်တဲ့ Amartya Sen က မြန်မာနိုင်ငံမှာ ကျင်းပတော့မယ့် ရွေးကောက်ပွဲကို ကမ္ဘာ့နိုင်ငံ၊ အဖွဲ့အစည်း တွေအနေနဲ့ ကျယ်ကျယ်ပြန့်ပြန့် လေ့လာစောင့်ကြည့်ဖို့ လိုအပ်ကြောင်း ဗုဒ္ဓဟူးနေ့က ပြောဆိုလိုက်ပြီး ရွေးကောက်ပွဲက မဲတွေဟာ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး သွားရာလမ်းကြောင်းကို ကြီးစွာအနှောက်အယှက် ဖြစ်စေနိုင်တယ်လို့လည်း သတိပေးပြောဆို လိုက်ပါတယ်။
ငယ်ဘဝကို မြန်မာပြည်မှာ ကြီးပြင်းခဲ့တဲ့ လူသိများ လေးစားခံရတဲ့ ပညာရှင်က ရွေးကောက်ပွဲကို တကမ္ဘာလုံး ရဲ့ လျစ်လှူရူနေမူအပေါ် ဝေဖန်လိုက်ပြီး သူ့တိုင်းပြည်ဖြစ်တဲ့ အိန္ဒိယနိုင်ငံရဲ့ ရပ်တည်ချက်ကိုလည်း အပြင်းထန်ဆုံး စကားလုံးတွေ နဲ့ ဝေဖန်ပြောဆိုလိုက်ပါတယ်။

မြန်မာ (ယခင်က ဗမာ လို့ခေါ်ခဲ့တဲ့) စစ်အစိုးရ ဟာ နှစ်၂၀ အတွင်း ပထမဆုံး ကျင်းပမယ့် ရွေးကောက်ပွဲကို နိုဝင်္ဘာလ ၇ ရက်နေ့မှာ ပြုလုပ်ဖို့ ပြင်ဆင်ထားပါတယ်။ နိုင်ငံတကာ က စောင့်ကြည့်လေ့လာ သူတွေ နဲ့ မီဒီယာ တွေ ကို လာရောက်လေ့လာခွင့် ပြုဖို့ စစ်အစိုရက ငြင်းဆိုထားပြီး ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကိုလည်း နေအိမ်အကျယ်ချုပ်နဲ့ ဆက်လက်ထိမ်သိမ်းထားဆဲ ဖြစ်ပါတယ်။

ဟားဗတ် (Harvard University) ပရော်ဖက်ဆာ က “ အခု ခြေအနေမှာ အတုအယောင် ရွေးကောက်ပွဲကြီး နီးလာတာနဲ့အမျှ ရွေးကောက်ပွဲရလဒ်ကို ကလိန်ကကျစ်လုပ်နိုင်တဲ့ နည်းလမ်းသဘာဝတွေကို ကမ္ဘာမှာ ပြည်သူ့ဆွေးနွေးပွဲ တွေလုပ်ဖို့ထက် အရေးကြီးတာ ဘာမှ မရှိဘူး” လို့လည်းပြောဆိုလိုက်ပါတယ်။
“ရွေးကောက်ပွဲ ပီးရင် အခြေအနေကောင်းတွေ ကိုမျှော်လင့် နိုင်ပါတယ်ဆိုတဲ့ ပြောဆိုချက်တွေ ဟာ ဒီနေ့ဗမာပြည်မှာ ဖြစ်ပျက် နေတာတွေကို အသေးစိတ် လေ့လာလို့ ရတဲ့ တွေ့ရှိချက်တွေနဲ့ တော့ လုံးလုံးကြီး ဆန်ကျင်ဖက်တွေပဲ” လို့ John Hopkins University မှာ ပို့ချတဲ့ သင်ကြားချက်မှာ Sen ကပြောခဲ့ပါတယ်။

“ဗမာပြည်ရဲ့ ဒီမိုကရေစီရေကြည် ကို နောက်အောင်လုပ်ပြီး စစ်အစိုးရရဲ့ ဝါဒဖြန့်ချက်တွေသာ အောင်မြင်သွားခဲ့ရင် အခြေအနေတွေဟာ နောက်ကို အတော်ကြီး ပြန်ရွေ့သွားမှာ ဖြစ်တယ်” လို့လည်း သူကပြောပါသေးတယ်။

ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့ကြီးအနေနဲ့ စစ်အစိုးရရဲ့ လူ့အခွင့်အရေး ချိုးဖောက်မူတွေကို စုံစမ်းဖော်ထုတ်ပြီး ချက်ခြင်းလက်ငင်း အရေးယူသွားဖို့လည်း တိုက်တွန်းသွားပါသေးတယ်။ စစ်အစိုးရ ဟာ ရွာပေါင်းများစွာ ကို ဖျက်ဆီးပြီး တိုင်းရင်းသား အမျိုးသမီးတွေကို မုဒိမ်းကျင့်တာကို လက်နက်တစ်ခုလို သုံးပြီး တိုင်းရင်းသားတွေကို နှိပ်ကွပ်နေတယ်လို့ အစွပ်စွဲခံထားရပါတယ်။

အမေရိကန်သမ္မတ Barack Obama ရဲ့ ရုံးအဖွဲ့ဟာ စစ်အစိုးရရဲ့ လူ့အခွင့်ရေး ချိုးဖောက်မူတွေကို စုံစမ်းလေ့လာဖော်ထုတ်ဖို့ ကို အကြမ်းဖျင်းအားဖြင့် ထောက်ခံပေမယ့် စစ်အစိုးရနဲ့ တွေ့ဆုံညှိနိုင်းဖို့လည်း ပေါ်လစီရှိပါတယ်။ အဲလို ပေါ်လစီထားလာရတာ ကတော့ စစ်အစိုးရကို နှစ်ပေါင်းများစွာ အထီးကျန် ထားခဲ့ပေမယ့် ဘာမှပြောင်းလဲမူမရှိလို့ ပါလို့ အကြောင်းပြပါတယ်။
ဂျူလိုင်လ တုန်းက မြန်မာစစ်အစိုးရခေါင်းဆောင် သန်းရွှေ ကို အိန္ဒိယ ဝန်ကြီးချုပ် Manmohan Singh က ကြိုဆိုခဲ့တာကိုလည်း Sen က ဝေဖန်ပါတယ်။ Mahatma Gandhi ရဲ့နိုင်ငံဟာ တရုတ်ရဲ့ အင်အားကို ပူပန်တာကြောင့် ကွန်မြူနစ်နိုင်ငံကို စိုးရိမ်ပြီး နိုင်ငံရဲ့ မူ၊ ဝါဒရေးရာတွေ ပျောက်ဆုံးနေပြီလို့လည်း ပြောပါသေးတယ်။

ဒီမိုကရေစီ တိုင်းပြည်တစ်ခုဖြစ် တဲ့ ကျနော့်တိုင်းပြည်က ဝန်ကြီးချုပ်ရယ် အခြားတိုင်းပြည်က လူသားဆန်တဲ့ တိုင်းပြည့်ခေါင်းဆောင်တွေ က မြန်မာပြည်က သားသတ်သမားတွေ ကို ကြိုဆိုလက်ခံပြီး စေ့စပ်ရေး လုပ်နေတာ၊ ရင်းရင်းနှီးနှီး ဖက်လဲတကင်း ဓာတ်ပုံရိုက်ခံနေတာတွေ ကို တွေ့ရတာ ကျနော်စိတ်မကောင်း ဖြစ်ပြီး ဝမ်းနည်းကြေကွဲရပါတယ် လို့လည်း Sen ပြောပါတယ်။

ကျနော်တို့ရဲ့ သြဇာက ကမ္ဘာကိုလွှမ်းမိုးနိုင်မူ သုညဖြစ်နေချိန်မှာ ကျနော်တို့ က ကမ္ဘာတစ်လွှားမှာ ကိုယ်ကျင့်တရားအကြောင်း လမ်းညွှန်ပို့ချခြင်းများနဲ့ အချိန်ကုန်နေပါတယ်။ ကျနော်တို့ရဲ့ သြဇာအာဏာဟာ တရုတ်လောက် တောင်ကြီးစရာမလိုပါဘူး နည်းနည်းလေးများသာ ရှိလာခဲ့ရင် ကျနော်တို့ဟာ သူတို့ရဲ့ တာဝန်မဲ့မူ တွေကို လုံးလုံးကြီး ထောက်ပြပြောဆို ကန့်ကွက်နိုင်မှာဖြစ်တယ်လို့လည်း ပြောပါတယ်။

မူရင်း
Enhanced by Zemanta

Monday, July 19, 2010

တော်လှန်ရေးဆိုတာ ဘာလဲ

ဘာလဲ တော်လှန်ရေး။ အကြမ်း ပတမ်း လုပ်တာတိုင်း တော်လှန်ရေးလား။ မဟုတ်ဘူး။ အဖျက်လုပ်ငန်းဆိုတာတိုင်း တော်လှန်ရေးလား။ မဟုတ်ဘူး။ လုပ်ချင်တိုင်း လုပ်လို့ရသလား။ မဟုတ်ဘူး။ ဘာရည်ရွယ်ချက်နဲ့လဲ။ ဘယ်လိုလဲ၊ လဲ လဲ လဲ။ အဲဒီလို “လဲ” တွေ အမျိုးမျိုးနဲ့ ကျွန်တော်တို့ စဉ်းစားကြစို့။ တရံရောအခါက ဒီမေးခွန်းကို ကျွန်တော်ဒီလို ဖြေခဲ့တယ်။

Revolution is direct participation of masses themselves to shape their own destiny fundamentally by all possible means; historically inevitable and necessary, and inadmissible of all forms of dry schematisation unrelated to given historical conditions, and of blind, negative, spontaneous, destructive character; and therefore creative in the highest degree. Its fundamental objective is the emencipation of all toiler; its basis mass participation, its guarantee of victory mass consciousness. (in other words, the digree to which the toiling mass is organised and thus conscious of its role and power.)

တော်လှန်ရေး ဆိုတာ လူထုက လူထုရဲ့ ကံကြမ္မာကို အခြေခံကနေပြီး ဖန်တီးရာမှာ ဘယ်လိုဘဲဖြစ်ဖြစ်ဆိုပြီး လူထုကိုယ်တိုင် ပါဝင်ဆောင်ရွက်ခြင်းဖြစ်တယ်။ ရာဇဝင်ကြောင်း အရ မလွှဲမရှောင်သာလို့လဲ လိုတယ်။ ဖြစ်ပျက်ပေါ်ပေါက်နေတဲ့ရာဇဝင်အခြေအနေ အချက်အလက်တွေနဲ့ အခြားတလမ်းဖြစ်တဲ့ အခြောက်တိုက် စိတ်ကူးစီမံကိန်းမျိုးနဲ့တော့ မဖြစ်နိုင်ဘူး။ ပြီးတော့ မျက်စိစုံမှိတ်ပြီး အကန်းလို ရမ်းလို့မဖြစ်ဘူး။ တဖက်တွင်သာ လုပ်တဲ့အလုပ်၊ အလိုအလျောက် လူထုထကြွမူ အလုပ်ကိုလဲ လက်မခံနိုင်ဘူး။ အဲဒါတွေကြောင့် တော်လှန်ရေးဆိုတာ အကြီးအကျယ်ဆုံး ပြုပြင်ဖန်တီးတတ်တဲ့ သတ္တိရှိပါတယ်။ တော်လှန်ရေးရဲ့ အခြေခံ ရည်ရွယ်ချက်ကြီးကတော့ လုပ်စားကိုင်စား လူထုကြီး လွတ်လပ်မူဖြစ်ပါတယ်။ တော်လှန်ရေးရဲ့ အခြေခံအုတ်မြစ်ကတော့ လူထုပါဝင်အောင် ဆောင်ရွက်ရေးဖြစ်ပါတယ်။ တော်လှန်ရေးအောင်မြင်ဖို့ အခြေခံကတော့ လူထုကြီးရဲ့ နိုးကြားထကြွမူ တနည်းအားဖြင့် လူထုကြီးဟာ ဘယ်အထိ ဖွဲ့ဖွဲ့စည်းစည်း ရှိလို့ ဘယ်အထိ မိမိရဲ့ တာဝန်နဲ့ တန်ခိုး အာဏာကို သိရှိ နားလည် နိုးကြားသလဲဆိုတဲ့ အပေါ်မှာ တည်ပါတယ်။ အဲဒီလို ကျွန်တော်ဖြေခဲ့တယ်။

ဗိုလ်ချုပ်အောင်ဆန်း
၁၉ မေ ၁၉၄၇ နေ့တွင် ဂျူဗလီဟော ဖ၊ဆ၊ပ၊လ ပဏာမပြင်ဆင်မူ ညီလာခံတွင် မိန့်ကြားခဲ့သော မိန့်ခွန်းမှ။

Tuesday, July 13, 2010

အချစ်နာ

ငါ ဖွာရှိုက်ခဲ့တဲ့
စီးကရက်တွေ
မရေမတွက်နိုင်အောင်ပါပဲ။
ငါ သောက်ခဲ့တဲ့
အရက်တွေ
တခွက်ပြီးတခွက်
နောက်တနေ့တော့လည်း
အမူးပြေသွားတာပဲ။
မိန်းကလေးရေ
ငါချစ်ခဲ့/နေတာ
တစ်ယောက်တည်းဆိုမှ
မင်းတစ်ယောက်တည်းပါကွယ်
ဒါပေမယ့်လည်း
အချစ်မူးတွေမပြေနိုင်လို့
အလွမ်းတွေနဲ့ဖြေနေရဆဲ။

Monday, June 28, 2010

Slash

အခုတလော စာမရေးဖြစ်ပါ။ အလုပ်များတာက ဘောပွဲကြည့်ရ၊ Glastonbury ပွဲကြည့်ရ နဲ့မို့ မအားဖြစ်နေတာ။ Guns N' Roses မှာ Lead ဂစ်တာ တီးခဲ့ဖူးတဲ့ Slash လည်း လာပြီးတီးသွားပါတယ်။ သူ့လက်သံ နားထောင်လိုသူတွေ အတွက် ဝေမျှလိုက်ပါတယ်။ Paradise City လည်းတီးသွားတယ်။ ဒါပေမယ့် Embed လုပ်ဖို့အတွက် ကုဒ် က ဒီတပုဒ်ပဲ ရှိတယ်။

 
Creative Commons License
This work by http://yawnetthan.blogspot.com is licensed under a Creative Commons Attribution-Non-Commercial-No Derivative Works 2.0 UK: England & Wales License.