ငါ ဖွာရှိုက်ခဲ့တဲ့
စီးကရက်တွေ
မရေမတွက်နိုင်အောင်ပါပဲ။
ငါ သောက်ခဲ့တဲ့
အရက်တွေ
တခွက်ပြီးတခွက်
နောက်တနေ့တော့လည်း
အမူးပြေသွားတာပဲ။
မိန်းကလေးရေ
ငါချစ်ခဲ့/နေတာ
တစ်ယောက်တည်းဆိုမှ
မင်းတစ်ယောက်တည်းပါကွယ်
ဒါပေမယ့်လည်း
အချစ်မူးတွေမပြေနိုင်လို့
အလွမ်းတွေနဲ့ဖြေနေရဆဲ။
Subscribe to:
Post Comments (Atom)

6 comments:
ကဗျာလေး လာဖတ်သွားတယ် ယောနက်သန်ရေ။
ခံစားသွားပါတယ် ကိုယောနက်သန် ရေ အရက်မူးရင် အရက် နဲ့ ဖြေရတယ် တဲ့ အချစ်မူးတွေ မပြေရင် အချစ်နဲ့သာ ဖြေ ပါနော်
ခင်မင်စွာဖြင့်
ရွှေစင်ဦး
အချစ်မူးရင်..အချစ်နဲ့သာဖြေပါ
ဒါမဲ့မချစ်တာကအကောင်းဆုံးပေါ့နော်..
အချစ်နာပျောက်ချင်ရင် တခြားတစ်ယောက်ကိုပြောင်းချစ်လိုက်
မူးချင်ရင်လဲ တစ်ခြားအကြောင်းပြ။
အရင်အချစ်ကိုအရမ်းလွမ်းနေတဲ့ ကိုယောနက်သန်ကို အသစ်ချစ်လာတော့မယ့် ကောင်မလေးက ကြောက်နေရင်ဘယ်လိုလုပ်မလဲ။
အချစ်ကများလေကောင်းလေ
အရက်ကသောက်လေမူးလေ
အသက်ရှည်မယ့် ဟာကိုပဲ လုပ်ပါ။
Post a Comment
ခြေရာလေးများ ချန်ကာထားခဲ့ပါ