တရုတ်နည်း တရုတ်ဟန် ကို ဖွံ့ဖြိုးဆဲနိုင်ငံတွေ အတုယူမှာကို အနောက်နိုင်ငံတွေ က စိုးရိမ်နေကြပါတယ်။ အဲလို အပြောအဆို စိုးရိမ်မူတွေ ဟာ တရုတ်နိုင်ငံကိုနေမထိထိုင်မသာ ဖြစ်စေပါတယ်။
တရုတ်နိုင်ငံ က ပညာရှင်တွေ နဲ့ အစိုးရအရာရှိတွေ ကိုယ်တိုင်တောင် အမြင်ကွဲပြားမူတွေ ရှိနေတာက တရုတ်နည်း တရုတ်ဟန်(တနည်းအားဖြင့် ၂၀၀၄ ခုနှစ်က အမေရိကန် အကြံပေးပညာရှင် Joshau Cooper Ramo က ကင်ပွန်းတပ်ခဲ့တဲ့ ဝါရှင်တန်သဘောတူညီမူကို အင်အားနည်းအောင် လှုပ်ရှားမယ့် ဘေဂျင်းသဘောတူညီမူ) ဆိုတာ ရှိ မရှိ၊ အကယ်၍ရှိခဲ့ရင် တရုတ်နည်း တရုတ်ဟန်ဆိုတာ ဘာကိုခေါ်သလဲ နဲ့ အဲဒီအကြောင်းကို ဆွေးနွေးလို့ အကျိုးစီးပွား ရှိ မရှိဆိုတာပါ။ အခြားနိုင်ငံတွေ က အတုယူချင်နေတဲ့ ဖွံ့ဖြိုးတိုးတက်မူ နည်းနာတွေ မရှိဘဲ နဲ့ ထုတ်ဖော်ပြောဆိုရမှာ ကို တရုတ်ကွန်မြူနစ်ပါတီ ကမလိုလားပါဘူး။ ဟောင်ကောင်(Hong Kong) အခြေစိုက်၊ ပါတီကို ထောက်ခံတဲ့ Ta Kung Pao သတင်းစာ က သူတို့ရဲ့ သတင်းဆောင်းပါးထဲမှာ ကုန်စည်ပြပွဲဟာ တရုတ်နည်း တရုတ်ဟန် နည်းနာတွေကို ခင်းကျင်းပြသတဲ့ နေရာလို့ ရေးသားခဲ့ပြီး အဲဒီ သတင်း အသုံးအနှုန်း ကို အစိုးရတရားဝင် ဝက်ဘဆိုက် တွေကလည်း ကျယ်ကျယ်ပြန့်ပြန့် ကိုးကားခဲ့ပါတယ်။ ဒါပေမယ့် တရုတ်ခေါင်းဆောင်တွေကတော့ ပြည်သူတွေကြားမှာ အဲဒီ အသုံးအနှုန်းကို မသုံးမိစေဖို့ အထူးရှောင်ကျဉ်ခဲ့ပြီး ကုန်စည်ပြပွဲကို ဖော်ပြပြောဆိုရာမှာ သိပ်အရေးမကြီးတဲ့ အသုံးအနှုန်းမျိုးနဲ့ သုံးနှုန်းပြောဆိုပါတယ်။
ခုတလော ကျယ်ကျယ်လောင်လောင် ပြောဆိုဆွေးနွေးနေကြတဲ့ တရုတ်နည်း တရုတ်ဟန်(တစ်ပါတီ အုပ်ချုပ်မူစနစ်၊ နည်းထောင့်ပေါင်း မျိုးစုံကနေ ဈေးကွက်စီးပွားရေးစနစ် ကိုချည်းကပ်ပြီး နိုင်ငံတော်ပိုင် စီးပွားရေး လုပ်ငန်းကတော့ နည်းပေါင်းများစွာထဲ က လွယ်လွယ်ကူကူ တွေ့မြင်သတ်မှတ်နိုင်တဲ့ နည်းဖြစ်တယ်) နောက် ခြေရာခံလိုက် နေတာ တရုတ်နိုင်ငံ ပုံနှိပ်ထုတ်ဝေရေးလုပ်ငန်း တစ်ခုတည်း မဟုတ်ပါဘူး။ နိုဝင်္ဘာလမှာ ပါတီက ဦးစီးလုပ်ကိုင်တဲ့ အထင်ကရပုံနှိပ်ထုတ်ဝေရေး လုပ်ငန်းတစ်ခုက စာမျက်နှာ ၆၃၀ ပါ ထူထဲတဲ့ စာအုပ်တစ်အုပ် ကို “တရုတ်နည်း တရုတ်ဟန်၊ နှစ်ခြောက်ဆယ်ပြည့် တရုတ်နိုင်ငံ က ဖွံ့ဖြိုးတိုးတက်မူ ပုံစံအသစ်” လို့နာမည်ပေးပြီး ထုတ်ဝေခဲ့ပါတယ်။ ဇန္နဝါရီလ မှာတော့ ကြွားလုံးတွေ သိပ်မပါတဲ့ “တရုတ်နည်း တရုတ်ဟန်၊ ရင်ဆိုင်ခဲ့ရသော အတွေ့အကြုံ နှင့် အခက်အခဲများ” ဆိုပြီး တစ်အုပ်ထွက်လာပါတယ်။ အခြားတရုတ်နည်း တရုတ်ဟန် စာအုပ်တစ်အုပ် လည်း ဧပြီလ မှာထွက်ရှိခဲ့ပါတယ်။ အဲဒီစာအုပ် အကြောင်းကို ရှန်ဟိုင်း(Shanghai)ကုန်စည်ပြပွဲ နဲ့ပတ်သက်တဲ့ ဆွေးနွေးပွဲတွေမှာ အတော်လေး အငြင်းအခုန်ဖြစ်ကြပါတယ်။ အဲဒီစာအုပ်ကို ရေးတဲ့ စိတ်ဝင်စားစရာကောင်းတဲ့ စာရေးဆရာတွေထဲမှာ Zhao Qizheng(ပါတီဝါဒဖြန့်ချိရေး ထိပ်တန်းခေါင်းဆောင် လုပ်ခဲ့သူ) နဲ့ John Naisbitt(အမေရိကန်၊ အနာဂါတ်ဟောကိန်းထုတ်သူ) တို့ပါဝင်ပါတယ်။
အနောက်နိုင်ငံ ပုံနှိပ်ထုတ်ဝေရေး တိုက်တွေကလည်း တရုတ်ပုံနှိပ်ထုတ်ဝေရေး တွေထက် မလျော့သော စိတ်ဝင်စားမူတွေ ရှိခဲ့ရာက ပိုလို့သာ ကြီးထွားလာခဲ့ပါတယ်။ နောက်ဆုံး ထွက်ရှိခဲ့တဲ့ စာအုပ်ကတော့ အမေရိကန် ပညာရှင် Stefan Halper ရဲ့ “ဘေဂျင်းသဘောတူညီမူ၊ တရုတ်ရဲ့ အလုံးစုံထိန်းကွပ်အုပ်ချုပ်မူ ပုံစံဟာ ၂၁ ရာစုကို ဘယ်လိုများ ဦးဆောင် လွှမ်းမိုးမလဲ” လို့အမည်ရတဲ့ စာအုပ်ပါ။
ရီပတ်ပလီကန် အဖွဲ့အမျိုးမျိုးမှာ တာဝန်ထမ်းဆောင်ခဲ့ တဲ့ Mr Halper ရဲ့ဆွေးနွေးချက် က “ဂလိုဘယ်လိုက်ဇေးရှင်းဖြစ်စဉ်ကြောင့် ကမ္ဘာကြီးကို ကျဉ်းမြောင်းသွားစေသလို တရုတ်ဟာလည်း အနောက်တိုင်းနိုင်ငံတွေကို ကျဉ်းမြောင်းစေတာဟာ” အနာဂါတ်မှာဖြစ်နိုင်ချေ၊တန်ဖိုး ကို တိတ်တဆိတ်လျော့ချသတ်မှတ်ခြင်းကြောင့် ဖြစ်တယ်လို့ဆိုပါတယ်။
ဈေးကွက်စီးပွားရေးစနစ်ကိုကျင့်သုံးနေသလို အာဏာကိုလည်း ထိမ်းချုပ်ထားနိုင်တဲ့တရုတ်ပြည် ရဲ့ ခြေအနေက မတူတဲ့ နည်းလမ်းအသစ်တစ်ခုရှိတယ်ဆိုတာ ကို ကမ္ဘာ့အကြီးဆုံး ဆိုင်းဘုတ်ကြီး နဲ့ထောင်ပြနေသလိုဖြစ်နေပေမယ့် တရုတ်ခေါင်းဆောင်တွေကို စိုးမိုးနေတာက(Mr Halper ရဲ့ အပြောအရ) အာဏာကို လက်လွှတ်ဆုံးရှုံးရမှာ ကြောက်တာ၊ တရုတ်ပြည် ရဲ့ အဆင့်အတန်း နိမ့်ကျပြီး အခြေအနေတွေ ကသောင်းကနင်း ဖြစ်သွားမှာကိုပါ။ အဲဒီအကြောက် တရားတွေကြောင့်ပဲ သူတို့ဟာ ပြင်ပကမ္ဘာရဲ့ ရိုက်ခတ်မူ ကို စိုးရိမ်နေကြပါတယ်။ ဆွေးနွေးချက်တွေအရ ပါတီအုပ်ချုပ်နိုင်မူဟာ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မူပေါ်မှာ တည်နေပြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်မူကတော့ စိတ်ပျက်စရာ ကောင်းတဲ့ နိုင်ငံတွေဆီက တင်သွင်းရရှိနေတဲ့ အရင်းအမြစ်တွေနဲ့ ဆိုင်တယ်လို့ ဆိုကြပါတယ်။ အာဖရိကနိုင်ငံတွေက နိုင်ငံရေးသမားတွေ ကတော့ ဘေဂျင်းသဘောတူညီမူ အကြောင်းပြောဆိုတာ မရှိသလောက် နည်းပါးပါတယ်။ ဒါပေမယ့် သူတို့ဟာ တရုတ်ပြည်က စီးဆင်းလာတဲ့ အနောက်တိုင်းပြည်တွေကလို အုပ်ချုပ်ရေး၊ လူ့အခွင့်အရေး တွေအကြောင်း ဟောပြော ညွှန်ကြားချက်မပါတဲ့ အကူအညီ ငွေတွေကို ချစ်ကြတယ်။
စိုးရိမ် ပူပန်နေမူ တွေကြောင့်ဘဲ တရုတ်ခေါင်းဆောင်တွေဟာ တရုတ်နည်း တရုတ်ဟန် အကြောင်းကို စိတ်ပါလက်ပါ မပြောချင်ကြဘူး။ ပြိုင်ဘက် အင်အားကြီးနိုင်ငံ၊ ပြိုင်ဘက်နိုင်ငံရေးအတွေးအခေါ် ထွက်ပေါ်လားခြင်း လို့ အဓိပ္ပာယ်သက်ရောက်စေမယ့် အပြောအဆို အသုံးအနှုန်း သုံးရင် အမေရိကန်တွေဟာ အထိမခံ ရွှေပန်းကန် ဆိုသလိုဖြစ်ကြမှာကို သူတို့ ကောင်းကောင်းကြီး ရိပ်စားမိကြပြီး အမေရိကန် နဲ့ ပဋိပက္ခဖြစ်ရင် တော့ တရုတ်ပြည်ရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မူ ပျက်စီးမှာဘဲ။
၂၀၀၃ ခုနှစ်မှာ တရုတ်တာဝန်ရှိသူတွေ ဟာနိုင်ငံအကြောင်းကို “ငြိမ်းချမ်းစွာမြင့်တက်လာခြင်း” လို့ ပြောဆိုရာကနေ လအနည်းငယ် အတွင်းမှာပဲ “မြင့်တက်လာခြင်း” ဆိုတဲ့ အသုံးအနူန်း ကို အမေရိကန်တွေ စိတ်ဆိုးမှာ စိုးရိမ်လို့ မသုံးစွဲတော့ပါဘူး။ အရင်က ဝါဒဖြန့်ချိရေး တာဝန်ယူခဲ့ဖူးတဲ့ Zhao Qizheng ရေးတာက သူ့အနေနဲ့ “တရုတ်ပြည်ရဲ့အခြေအနေ” လို့ သုံးစွဲရတာကို “တရုတ်နည်းတရုတ်ဟန်” လို့ သုံးစွဲရတာထက် ပိုပြီးကြိုက်နှစ်သက်ပါတယ်တဲ့။ ဒီဇင်္ဘာလမှာ ပါတီရဲ့ အကြီးတန်း ဝါဒရေးရာပညာရှင်(Theorist) ဖြစ်သူ Li Junru ပြောခဲ့တာက တရုတ်နည်း တရုတ်ဟန် အကြောင်းပြောဆိုတာဟာ အလွန်အန္တရာယ် ရှိပါတယ်တဲ့၊ ဘာဖြစ်လို့လည်းဆိုတော့ အဲဒီဟာမှာ သာယာကျေနပ်နေခြင်းက နောက်ထပ်လုပ်ရမယ့် ပြုပြင်ပြောင်းလဲမူတွေ လုပ်ဖို့ စိတ်ပါဝင်စား တက်ကြွမူတွေကို ဟန့်တားအားလျော့စေနိုင်ပါတယ်တဲ့။
အဲသလို တကယ်ပဲ ဖြစ်နေခဲ့လို့ အချို့တရုတ်တွေဟာ စိတ်မကောင်းဖြစ်ကြပါတယ်။ Deng Xiaoping က နိုင်ငံရေး ပြုပြင်ပြောင်းလဲမူ ကသာ တရုတ်နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မူ ပုံစံကို ထိန်းကျောင်းပေးနိုင်မှာ ဖြစ်ပြီး စီးပွားရေးတိုးတက်ဖွံ့ဖြိုးမူအတွက် လည်း မရှိမဖြစ်လိုအပ်တယ်လို့ ပြောခဲ့ဖူးပါတယ်။ ဒါပေမယ့်လည်း ပြုပြင်ပြောင်းလဲမူ ဆိုတာ မရှိသလောက် ဖြစ်ခဲ့တာ တီရင်မန်(Tiananmen Square) အရေးအခင်းကို သူ နှိမ်နှင်းဖြိုခွင်းတဲ့ ၁၉၈၉ ခုနှစ်ကတည်းပါဘဲ။ အမေရိကန် လူ့အခွင့်အရေး လှုပ်ရှားမူ အဖွဲ့တစ်ခုဖြစ်တဲ့ The Carter Center က Liu Yawei ပြီးခဲ့တဲ့လက ထောက်ပြခဲ့တာ က တရုတ်ပညာရှင်တွေရဲ့ တရုတ်နည်း တရုတ်ဟန် ဆိုတဲ့အတွေးအခေါ်ကို လူသိများအောင် လုပ်ဆောင်တဲ့ လှုပ်ရှားမူဟာ အင်အားကောင်း ကြီးထွားလာခဲ့ပြီး၊ အဲဒါက ဘဲ နိုင်ငံရေးပြုပြင်ပြောင်းလဲမူကို ဘေးရောက်တွန်းပို့ပေးသလိုဖြစ်နေခဲ့ပါတယ်။
တရုတ်ခေါင်းဆောင်တွေ တရုတ်နိုင်ငံကြီး ကသောင်းကနင်း ဖြစ်မှာကို စိုးရိမ်နေတာ ကိုထောက်ကြည့်ခြင်းအားဖြင့် သူတို့ဟာ လမ်းကြောင်းမှန် တစ်ခုကိုတွေ့ပြီလို့ ယုံကြည်မူ မရှိသေး တာပါပဲ။ ဖွံ့ဖြိုးတိုးတက်မူ ပုံစံအကြောင်း ပြောဆိုဆွေးနွေးကြရင် အားလုံးကို အခက်တွေ့စေတာက တည်ငြိမ်အေးချမ်းမူကို ထိခိုက်စေတယ်လို့ စွပ်စွဲခံရမယ့် အလျင်အမြန်ဖွံ့ဖြိုးတိုးတက်မူကြောင့် ဖြစ်နေတဲ့ သဘာဝပတ်ဝန်းကျင် ပျက်စီးမူက စလို့ လာဘ်ပေးလာဘ်ယူ ခြစားမူတွေ နဲ့ ဆင်းရဲ ချမ်းသာကွာခြားမူ တွေအကြောင်း ဆွေးနွေးကြရမှာမို့ပါ။ တရုတ်ပြည် က ပွင့်ပွင့်လင်းလင်း ဝေဖန်ပြောဆို တတ်တဲ့ မီဒီယာ အဖွဲ့အစည်းတွေထဲ ကတစ်ခုဖြစ်တဲ့ Caixin က ဒီတပတ်မှာ အမေရိကန် ပညာရှင် Joseph Nye ရဲ့ ဆောင်းပါး တစ်ပုဒ်ကို ပုံနှိပ်ထုတ်ဝေခဲ့ပါတယ်။ အဲဒီထဲမှာ Mr Nye က ဘယ်ကိုမှန်း တိတိကျကျ မသိရဘဲ ပြောင်းလဲနေတဲ့ တရုတ်ပြည်ရဲ့ နိုင်ငံရေးပြောင်းလဲမူ ကြောင့်ဖြစ်လာနိုင်တဲ့ အကြောင်းခြင်းရာ အခြေအနေတွေကို ရေးသားခဲ့ပါတယ်။ “မျိုးဆက်ပြောင်းလဲခြင်း၊ လုပ်ပိုင်ခွင့်အာဏာရှိနေခြင်း တွေကြောင့် မကြာခဏဆိုသလို မာန်မာန တွေထောင်လွှားလာတတ်ပြီး နောက်တော့ နှစ်သက်တဲ့ အစားအသောက် တခုကို စားချင်နေသလိုမျိုး အဲဒါကိုဘဲ တမ်းတမ်းစွဲ ဖြစ်လာတတ်တယ်” လို့ သူကပြောပါတယ်။
အနောက်တိုင်း သံတမန် တစ်ဦးက Mr Nye ရဲ့ ကျော်ကြားတဲ့ စကားကို ငှားပြီး ကုန်စည်ပြပွဲကို “ယဉ်ကျေးမူ သိပ္ပံပညာတွေကတဆင့် အရှိန်သြဇာကို ပြိုင်တဲ့ပွဲ” လို့ သတ်မှတ်ပြောဆိုပါတယ်။ တရုတ်ပြည် အကြောင်းရေးသားကြတဲ့ သူတွေ တော်တော်များများ က တရုတ်ပြည်ရဲ့ အရှိန်သြဇာ ဟာကြီးထွားတိုးတက် လာနေပြီး အမေရိကန်ရဲ့ အရှိန်သြဇာ ဟာ ကျဆင်းမှေးမှိန် လာနေပြီလို့ ရေးသားကြပေမယ့် အောက်တိုဘာ ၃၁ ရက်နေ့ မှာပြီးဆုံးမယ့် ကုန်စည်ပြပွဲ ကိုကြည့်ပြီး အဲဒီ အဆိုပြုချက် မှန်ကန်ကြောင်း ပြောဘို့ ခက်ပါတယ်။ ကုန်စည်ပြပွဲမှာ နိုင်ငံပေါင်း မြောက်များစွာက ပါဝင်ပြသအောင် တရုတ်နိုင်ငံ ကစည်းရုံးနိုင်ခဲ့တယ် ဆိုတာတော့ အကယ်အမှန်အကန် ပါဘဲ။ ဒါပေမယ့် ပြပွဲလာကြည့်တဲ့ လူအရေအတွက် က ပြပွဲလုပ်တဲ့ လူအရေအတွက် ထက်အများကြီးဘဲ နည်းနေခဲ့ပါတယ်။ နောက်ပြီး ပြခန်းတွေထဲ ကိုဝင်ဖို့ စောင့်နေတဲ့ လူတန်းတွေ ကိုယှဉ်ကြည့်ရင် အမေရိကန်ပြခန်း ရှေ့မှာစောင့်နေတဲ့ လူတန်းက အရှည်ဆုံးပါဘဲ။
မူရင်းဆောင်းပါး
တရုတ်နိုင်ငံ တာဝန်ရှိသူတွေ ပြောခဲ့တာက ဧပြီ ၃၀ ရက် ရှန်ဟိုင်း(Shanghai) မှာ ပြုလုပ်မယ့် ကမ္ဘာ့ကုန်စည်ပြပွဲ(World Expo) ဖွင့်ပွဲအခမ်းအနား ကို ငွေကုန်ကြေးကျ မများဘဲ ရိုးရိုးရှင်းရှင်း ဘဲလုပ်မယ်လို့ ပြောခဲ့ပါတယ်။ သူတို့ပြောသလို မဟုတ်ခဲ့ပါဘူး။ မီးရှုးမီးပန်း၊ လေဆာရောင်ခြည်၊ ရေပန်းတွေ နဲ့ အကသမားတွေ ပါဝင်တဲ့ ဖွင့်ပွဲပြကွက်တွေဟာ ငွေကုန်ကြေးကျ အလွန်အကျွံ သုံးစွဲခဲ့တဲ့ ၂၀၀၈ ခုနှစ် ဘေဂျင်း အိုလံပစ်(Beijing's Olympic) ဖွင့်ပွဲနဲ့ နင်လား ငါလားပါဘဲ။ အစိုးရ ရဲ့ ဆန္ဒနဲ့ အညီ တရုတ်တိုးတက်မူအင်အား ကို ထုတ်ဖော်ကြွားဝါ ခဲ့ပြီး သူတို့မှာ စွဲမက်စရာ တွေ ရှိတယ်ဆိုတာ သက်သေပြခဲ့ပါတယ်။ ဆူညံတဲ့ပြကွက်တွေ နဲ့ တရုတ်နည်း တရုတ်ဟန် ဆိုတာကို အရှိန်အဝါမြှင့်တင် ပေးခဲ့ပြီး တကမ္ဘာလုံးက အတုယူအားကျစရာ ဖြစ်တယ်လို့ အတော်များများကို အထင်ရောက်စေခဲ့ပါတယ်။
ဒေါ်လာ ဘီလီယံ ပေါင်းမြောက်များစွာ သုံးစွဲခဲ့တဲ့ ကုန်စည်ပြပွဲ နဲ့ တရုတ်နည်း တရုတ်ဟန် ပုံစံကို ထင်ရှားစေခဲ့ပြီး တရုတ်နိုင်ငံကို ဖွံ့ဖြိုးဆဲနိုင်ငံများသာမက အခြားနိုင်ငံများကပါ အထင်ကြီးလေးစားခဲ့ကြပါတယ်။ အမေရိကန် က ဆန္ဒကောက်ခံရေး အဖွဲ့ဖြစ်တဲ့ Pew သုတေသန ဌာန(Pew Research Centre) ရဲ့ စစ်တမ်းအရ နိုင်ဂျီးရီးယန်း ၈၅% က တရုတ်ကိုအကောင်းမြင်ပါတယ်။ (၂၀၀၈ ခုနှစ်က ၇၉% ပဲရှိခဲ့တာနဲ့ နှိုင်ယှဉ်ကြည့်နိုင်ပါတယ်။) ၂၀၀၈ မှာ အမေရိကန် ၃၉% သာထောက်ခံရာက ၅၀% ထိတိုးလာပါတယ်။ ဂျပန် တွေရဲ့ ထောက်ခံမူနှုံးက ၁၄% ကနေ ၂၆% ထိတက်လာခဲ့ပါတယ်။(အခြားနိုင်ငံများ ရဲ့ နှုံးကို ပုံမှာကြည့်ပါ။) ဒီမိုကရေစီ စနစ်တွေဆီ မှာတော့ အငြင်းအခုန်တွေ ဖြစ်လေ့ဖြစ်ထ ရှိပေမယ့် သူတို့ဆီမှာ တော့ ငြင်းခုန်မူ မရှိသလောက် နည်းနည်းနဲ့ ရှန်ဟိုင်း(Shanghai) မြို့ရဲ့ အခြေခံ လမ်းပန်း၊ ဆက်သွယ်ရေး၊ အဆောက်အဦ များကို ပိုမိုတိုးတက်ကောင်းမွန်အောင် ဆောင်ရွက်နိုင်ခြင်း နဲ့အတူ ကျင်းပခဲ့တဲ့ ကုန်စည်ပြပွဲတွေတလျောက် ကမ္ဘာ့အကြီးဆုံးဖြစ်တဲ့ ကုန်စည်ပြပွဲကြီးကို ခင်းကျင်းပြသနိုင်ခြင်း ကြောင့် အရပ်ရပ်က နိုင်ငံတွေရဲ့ အထင်ကြီးမူကို ရရှိခဲ့ပါတယ်။
တရုတ်နိုင်ငံ က ပညာရှင်တွေ နဲ့ အစိုးရအရာရှိတွေ ကိုယ်တိုင်တောင် အမြင်ကွဲပြားမူတွေ ရှိနေတာက တရုတ်နည်း တရုတ်ဟန်(တနည်းအားဖြင့် ၂၀၀၄ ခုနှစ်က အမေရိကန် အကြံပေးပညာရှင် Joshau Cooper Ramo က ကင်ပွန်းတပ်ခဲ့တဲ့ ဝါရှင်တန်သဘောတူညီမူကို အင်အားနည်းအောင် လှုပ်ရှားမယ့် ဘေဂျင်းသဘောတူညီမူ) ဆိုတာ ရှိ မရှိ၊ အကယ်၍ရှိခဲ့ရင် တရုတ်နည်း တရုတ်ဟန်ဆိုတာ ဘာကိုခေါ်သလဲ နဲ့ အဲဒီအကြောင်းကို ဆွေးနွေးလို့ အကျိုးစီးပွား ရှိ မရှိဆိုတာပါ။ အခြားနိုင်ငံတွေ က အတုယူချင်နေတဲ့ ဖွံ့ဖြိုးတိုးတက်မူ နည်းနာတွေ မရှိဘဲ နဲ့ ထုတ်ဖော်ပြောဆိုရမှာ ကို တရုတ်ကွန်မြူနစ်ပါတီ ကမလိုလားပါဘူး။ ဟောင်ကောင်(Hong Kong) အခြေစိုက်၊ ပါတီကို ထောက်ခံတဲ့ Ta Kung Pao သတင်းစာ က သူတို့ရဲ့ သတင်းဆောင်းပါးထဲမှာ ကုန်စည်ပြပွဲဟာ တရုတ်နည်း တရုတ်ဟန် နည်းနာတွေကို ခင်းကျင်းပြသတဲ့ နေရာလို့ ရေးသားခဲ့ပြီး အဲဒီ သတင်း အသုံးအနှုန်း ကို အစိုးရတရားဝင် ဝက်ဘဆိုက် တွေကလည်း ကျယ်ကျယ်ပြန့်ပြန့် ကိုးကားခဲ့ပါတယ်။ ဒါပေမယ့် တရုတ်ခေါင်းဆောင်တွေကတော့ ပြည်သူတွေကြားမှာ အဲဒီ အသုံးအနှုန်းကို မသုံးမိစေဖို့ အထူးရှောင်ကျဉ်ခဲ့ပြီး ကုန်စည်ပြပွဲကို ဖော်ပြပြောဆိုရာမှာ သိပ်အရေးမကြီးတဲ့ အသုံးအနှုန်းမျိုးနဲ့ သုံးနှုန်းပြောဆိုပါတယ်။
ခုတလော ကျယ်ကျယ်လောင်လောင် ပြောဆိုဆွေးနွေးနေကြတဲ့ တရုတ်နည်း တရုတ်ဟန်(တစ်ပါတီ အုပ်ချုပ်မူစနစ်၊ နည်းထောင့်ပေါင်း မျိုးစုံကနေ ဈေးကွက်စီးပွားရေးစနစ် ကိုချည်းကပ်ပြီး နိုင်ငံတော်ပိုင် စီးပွားရေး လုပ်ငန်းကတော့ နည်းပေါင်းများစွာထဲ က လွယ်လွယ်ကူကူ တွေ့မြင်သတ်မှတ်နိုင်တဲ့ နည်းဖြစ်တယ်) နောက် ခြေရာခံလိုက် နေတာ တရုတ်နိုင်ငံ ပုံနှိပ်ထုတ်ဝေရေးလုပ်ငန်း တစ်ခုတည်း မဟုတ်ပါဘူး။ နိုဝင်္ဘာလမှာ ပါတီက ဦးစီးလုပ်ကိုင်တဲ့ အထင်ကရပုံနှိပ်ထုတ်ဝေရေး လုပ်ငန်းတစ်ခုက စာမျက်နှာ ၆၃၀ ပါ ထူထဲတဲ့ စာအုပ်တစ်အုပ် ကို “တရုတ်နည်း တရုတ်ဟန်၊ နှစ်ခြောက်ဆယ်ပြည့် တရုတ်နိုင်ငံ က ဖွံ့ဖြိုးတိုးတက်မူ ပုံစံအသစ်” လို့နာမည်ပေးပြီး ထုတ်ဝေခဲ့ပါတယ်။ ဇန္နဝါရီလ မှာတော့ ကြွားလုံးတွေ သိပ်မပါတဲ့ “တရုတ်နည်း တရုတ်ဟန်၊ ရင်ဆိုင်ခဲ့ရသော အတွေ့အကြုံ နှင့် အခက်အခဲများ” ဆိုပြီး တစ်အုပ်ထွက်လာပါတယ်။ အခြားတရုတ်နည်း တရုတ်ဟန် စာအုပ်တစ်အုပ် လည်း ဧပြီလ မှာထွက်ရှိခဲ့ပါတယ်။ အဲဒီစာအုပ် အကြောင်းကို ရှန်ဟိုင်း(Shanghai)ကုန်စည်ပြပွဲ နဲ့ပတ်သက်တဲ့ ဆွေးနွေးပွဲတွေမှာ အတော်လေး အငြင်းအခုန်ဖြစ်ကြပါတယ်။ အဲဒီစာအုပ်ကို ရေးတဲ့ စိတ်ဝင်စားစရာကောင်းတဲ့ စာရေးဆရာတွေထဲမှာ Zhao Qizheng(ပါတီဝါဒဖြန့်ချိရေး ထိပ်တန်းခေါင်းဆောင် လုပ်ခဲ့သူ) နဲ့ John Naisbitt(အမေရိကန်၊ အနာဂါတ်ဟောကိန်းထုတ်သူ) တို့ပါဝင်ပါတယ်။
အနောက်နိုင်ငံ ပုံနှိပ်ထုတ်ဝေရေး တိုက်တွေကလည်း တရုတ်ပုံနှိပ်ထုတ်ဝေရေး တွေထက် မလျော့သော စိတ်ဝင်စားမူတွေ ရှိခဲ့ရာက ပိုလို့သာ ကြီးထွားလာခဲ့ပါတယ်။ နောက်ဆုံး ထွက်ရှိခဲ့တဲ့ စာအုပ်ကတော့ အမေရိကန် ပညာရှင် Stefan Halper ရဲ့ “ဘေဂျင်းသဘောတူညီမူ၊ တရုတ်ရဲ့ အလုံးစုံထိန်းကွပ်အုပ်ချုပ်မူ ပုံစံဟာ ၂၁ ရာစုကို ဘယ်လိုများ ဦးဆောင် လွှမ်းမိုးမလဲ” လို့အမည်ရတဲ့ စာအုပ်ပါ။
ရီပတ်ပလီကန် အဖွဲ့အမျိုးမျိုးမှာ တာဝန်ထမ်းဆောင်ခဲ့ တဲ့ Mr Halper ရဲ့ဆွေးနွေးချက် က “ဂလိုဘယ်လိုက်ဇေးရှင်းဖြစ်စဉ်ကြောင့် ကမ္ဘာကြီးကို ကျဉ်းမြောင်းသွားစေသလို တရုတ်ဟာလည်း အနောက်တိုင်းနိုင်ငံတွေကို ကျဉ်းမြောင်းစေတာဟာ” အနာဂါတ်မှာဖြစ်နိုင်ချေ၊တန်ဖိုး ကို တိတ်တဆိတ်လျော့ချသတ်မှတ်ခြင်းကြောင့် ဖြစ်တယ်လို့ဆိုပါတယ်။
ဈေးကွက်စီးပွားရေးစနစ်ကိုကျင့်သုံးနေသလို အာဏာကိုလည်း ထိမ်းချုပ်ထားနိုင်တဲ့တရုတ်ပြည် ရဲ့ ခြေအနေက မတူတဲ့ နည်းလမ်းအသစ်တစ်ခုရှိတယ်ဆိုတာ ကို ကမ္ဘာ့အကြီးဆုံး ဆိုင်းဘုတ်ကြီး နဲ့ထောင်ပြနေသလိုဖြစ်နေပေမယ့် တရုတ်ခေါင်းဆောင်တွေကို စိုးမိုးနေတာက(Mr Halper ရဲ့ အပြောအရ) အာဏာကို လက်လွှတ်ဆုံးရှုံးရမှာ ကြောက်တာ၊ တရုတ်ပြည် ရဲ့ အဆင့်အတန်း နိမ့်ကျပြီး အခြေအနေတွေ ကသောင်းကနင်း ဖြစ်သွားမှာကိုပါ။ အဲဒီအကြောက် တရားတွေကြောင့်ပဲ သူတို့ဟာ ပြင်ပကမ္ဘာရဲ့ ရိုက်ခတ်မူ ကို စိုးရိမ်နေကြပါတယ်။ ဆွေးနွေးချက်တွေအရ ပါတီအုပ်ချုပ်နိုင်မူဟာ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မူပေါ်မှာ တည်နေပြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်မူကတော့ စိတ်ပျက်စရာ ကောင်းတဲ့ နိုင်ငံတွေဆီက တင်သွင်းရရှိနေတဲ့ အရင်းအမြစ်တွေနဲ့ ဆိုင်တယ်လို့ ဆိုကြပါတယ်။ အာဖရိကနိုင်ငံတွေက နိုင်ငံရေးသမားတွေ ကတော့ ဘေဂျင်းသဘောတူညီမူ အကြောင်းပြောဆိုတာ မရှိသလောက် နည်းပါးပါတယ်။ ဒါပေမယ့် သူတို့ဟာ တရုတ်ပြည်က စီးဆင်းလာတဲ့ အနောက်တိုင်းပြည်တွေကလို အုပ်ချုပ်ရေး၊ လူ့အခွင့်အရေး တွေအကြောင်း ဟောပြော ညွှန်ကြားချက်မပါတဲ့ အကူအညီ ငွေတွေကို ချစ်ကြတယ်။
စိုးရိမ် ပူပန်နေမူ တွေကြောင့်ဘဲ တရုတ်ခေါင်းဆောင်တွေဟာ တရုတ်နည်း တရုတ်ဟန် အကြောင်းကို စိတ်ပါလက်ပါ မပြောချင်ကြဘူး။ ပြိုင်ဘက် အင်အားကြီးနိုင်ငံ၊ ပြိုင်ဘက်နိုင်ငံရေးအတွေးအခေါ် ထွက်ပေါ်လားခြင်း လို့ အဓိပ္ပာယ်သက်ရောက်စေမယ့် အပြောအဆို အသုံးအနှုန်း သုံးရင် အမေရိကန်တွေဟာ အထိမခံ ရွှေပန်းကန် ဆိုသလိုဖြစ်ကြမှာကို သူတို့ ကောင်းကောင်းကြီး ရိပ်စားမိကြပြီး အမေရိကန် နဲ့ ပဋိပက္ခဖြစ်ရင် တော့ တရုတ်ပြည်ရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မူ ပျက်စီးမှာဘဲ။
၂၀၀၃ ခုနှစ်မှာ တရုတ်တာဝန်ရှိသူတွေ ဟာနိုင်ငံအကြောင်းကို “ငြိမ်းချမ်းစွာမြင့်တက်လာခြင်း” လို့ ပြောဆိုရာကနေ လအနည်းငယ် အတွင်းမှာပဲ “မြင့်တက်လာခြင်း” ဆိုတဲ့ အသုံးအနူန်း ကို အမေရိကန်တွေ စိတ်ဆိုးမှာ စိုးရိမ်လို့ မသုံးစွဲတော့ပါဘူး။ အရင်က ဝါဒဖြန့်ချိရေး တာဝန်ယူခဲ့ဖူးတဲ့ Zhao Qizheng ရေးတာက သူ့အနေနဲ့ “တရုတ်ပြည်ရဲ့အခြေအနေ” လို့ သုံးစွဲရတာကို “တရုတ်နည်းတရုတ်ဟန်” လို့ သုံးစွဲရတာထက် ပိုပြီးကြိုက်နှစ်သက်ပါတယ်တဲ့။ ဒီဇင်္ဘာလမှာ ပါတီရဲ့ အကြီးတန်း ဝါဒရေးရာပညာရှင်(Theorist) ဖြစ်သူ Li Junru ပြောခဲ့တာက တရုတ်နည်း တရုတ်ဟန် အကြောင်းပြောဆိုတာဟာ အလွန်အန္တရာယ် ရှိပါတယ်တဲ့၊ ဘာဖြစ်လို့လည်းဆိုတော့ အဲဒီဟာမှာ သာယာကျေနပ်နေခြင်းက နောက်ထပ်လုပ်ရမယ့် ပြုပြင်ပြောင်းလဲမူတွေ လုပ်ဖို့ စိတ်ပါဝင်စား တက်ကြွမူတွေကို ဟန့်တားအားလျော့စေနိုင်ပါတယ်တဲ့။
အဲသလို တကယ်ပဲ ဖြစ်နေခဲ့လို့ အချို့တရုတ်တွေဟာ စိတ်မကောင်းဖြစ်ကြပါတယ်။ Deng Xiaoping က နိုင်ငံရေး ပြုပြင်ပြောင်းလဲမူ ကသာ တရုတ်နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မူ ပုံစံကို ထိန်းကျောင်းပေးနိုင်မှာ ဖြစ်ပြီး စီးပွားရေးတိုးတက်ဖွံ့ဖြိုးမူအတွက် လည်း မရှိမဖြစ်လိုအပ်တယ်လို့ ပြောခဲ့ဖူးပါတယ်။ ဒါပေမယ့်လည်း ပြုပြင်ပြောင်းလဲမူ ဆိုတာ မရှိသလောက် ဖြစ်ခဲ့တာ တီရင်မန်(Tiananmen Square) အရေးအခင်းကို သူ နှိမ်နှင်းဖြိုခွင်းတဲ့ ၁၉၈၉ ခုနှစ်ကတည်းပါဘဲ။ အမေရိကန် လူ့အခွင့်အရေး လှုပ်ရှားမူ အဖွဲ့တစ်ခုဖြစ်တဲ့ The Carter Center က Liu Yawei ပြီးခဲ့တဲ့လက ထောက်ပြခဲ့တာ က တရုတ်ပညာရှင်တွေရဲ့ တရုတ်နည်း တရုတ်ဟန် ဆိုတဲ့အတွေးအခေါ်ကို လူသိများအောင် လုပ်ဆောင်တဲ့ လှုပ်ရှားမူဟာ အင်အားကောင်း ကြီးထွားလာခဲ့ပြီး၊ အဲဒါက ဘဲ နိုင်ငံရေးပြုပြင်ပြောင်းလဲမူကို ဘေးရောက်တွန်းပို့ပေးသလိုဖြစ်နေခဲ့ပါတယ်။
တရုတ်ခေါင်းဆောင်တွေ တရုတ်နိုင်ငံကြီး ကသောင်းကနင်း ဖြစ်မှာကို စိုးရိမ်နေတာ ကိုထောက်ကြည့်ခြင်းအားဖြင့် သူတို့ဟာ လမ်းကြောင်းမှန် တစ်ခုကိုတွေ့ပြီလို့ ယုံကြည်မူ မရှိသေး တာပါပဲ။ ဖွံ့ဖြိုးတိုးတက်မူ ပုံစံအကြောင်း ပြောဆိုဆွေးနွေးကြရင် အားလုံးကို အခက်တွေ့စေတာက တည်ငြိမ်အေးချမ်းမူကို ထိခိုက်စေတယ်လို့ စွပ်စွဲခံရမယ့် အလျင်အမြန်ဖွံ့ဖြိုးတိုးတက်မူကြောင့် ဖြစ်နေတဲ့ သဘာဝပတ်ဝန်းကျင် ပျက်စီးမူက စလို့ လာဘ်ပေးလာဘ်ယူ ခြစားမူတွေ နဲ့ ဆင်းရဲ ချမ်းသာကွာခြားမူ တွေအကြောင်း ဆွေးနွေးကြရမှာမို့ပါ။ တရုတ်ပြည် က ပွင့်ပွင့်လင်းလင်း ဝေဖန်ပြောဆို တတ်တဲ့ မီဒီယာ အဖွဲ့အစည်းတွေထဲ ကတစ်ခုဖြစ်တဲ့ Caixin က ဒီတပတ်မှာ အမေရိကန် ပညာရှင် Joseph Nye ရဲ့ ဆောင်းပါး တစ်ပုဒ်ကို ပုံနှိပ်ထုတ်ဝေခဲ့ပါတယ်။ အဲဒီထဲမှာ Mr Nye က ဘယ်ကိုမှန်း တိတိကျကျ မသိရဘဲ ပြောင်းလဲနေတဲ့ တရုတ်ပြည်ရဲ့ နိုင်ငံရေးပြောင်းလဲမူ ကြောင့်ဖြစ်လာနိုင်တဲ့ အကြောင်းခြင်းရာ အခြေအနေတွေကို ရေးသားခဲ့ပါတယ်။ “မျိုးဆက်ပြောင်းလဲခြင်း၊ လုပ်ပိုင်ခွင့်အာဏာရှိနေခြင်း တွေကြောင့် မကြာခဏဆိုသလို မာန်မာန တွေထောင်လွှားလာတတ်ပြီး နောက်တော့ နှစ်သက်တဲ့ အစားအသောက် တခုကို စားချင်နေသလိုမျိုး အဲဒါကိုဘဲ တမ်းတမ်းစွဲ ဖြစ်လာတတ်တယ်” လို့ သူကပြောပါတယ်။
အနောက်တိုင်း သံတမန် တစ်ဦးက Mr Nye ရဲ့ ကျော်ကြားတဲ့ စကားကို ငှားပြီး ကုန်စည်ပြပွဲကို “ယဉ်ကျေးမူ သိပ္ပံပညာတွေကတဆင့် အရှိန်သြဇာကို ပြိုင်တဲ့ပွဲ” လို့ သတ်မှတ်ပြောဆိုပါတယ်။ တရုတ်ပြည် အကြောင်းရေးသားကြတဲ့ သူတွေ တော်တော်များများ က တရုတ်ပြည်ရဲ့ အရှိန်သြဇာ ဟာကြီးထွားတိုးတက် လာနေပြီး အမေရိကန်ရဲ့ အရှိန်သြဇာ ဟာ ကျဆင်းမှေးမှိန် လာနေပြီလို့ ရေးသားကြပေမယ့် အောက်တိုဘာ ၃၁ ရက်နေ့ မှာပြီးဆုံးမယ့် ကုန်စည်ပြပွဲ ကိုကြည့်ပြီး အဲဒီ အဆိုပြုချက် မှန်ကန်ကြောင်း ပြောဘို့ ခက်ပါတယ်။ ကုန်စည်ပြပွဲမှာ နိုင်ငံပေါင်း မြောက်များစွာက ပါဝင်ပြသအောင် တရုတ်နိုင်ငံ ကစည်းရုံးနိုင်ခဲ့တယ် ဆိုတာတော့ အကယ်အမှန်အကန် ပါဘဲ။ ဒါပေမယ့် ပြပွဲလာကြည့်တဲ့ လူအရေအတွက် က ပြပွဲလုပ်တဲ့ လူအရေအတွက် ထက်အများကြီးဘဲ နည်းနေခဲ့ပါတယ်။ နောက်ပြီး ပြခန်းတွေထဲ ကိုဝင်ဖို့ စောင့်နေတဲ့ လူတန်းတွေ ကိုယှဉ်ကြည့်ရင် အမေရိကန်ပြခန်း ရှေ့မှာစောင့်နေတဲ့ လူတန်းက အရှည်ဆုံးပါဘဲ။
မူရင်းဆောင်းပါး
1 comments:
တရုတ် ဆိုတာလည်း ဘာများထူးလို့လဲ မြန်မာ နဲ့ တူတူဘဲ
ခင်မင်စွာဖြင့်
ရွှေစင်ဦး
ဒီနေ့စပြီနော်
Post a Comment
ခြေရာလေးများ ချန်ကာထားခဲ့ပါ