Tuesday, February 9, 2010
သစ္စာရှိသောခွေးကလေး
အခုတလော ကြည့်ဖြစ်တဲ့ ရုပ်ရှင်တွေထဲ က ရစ်ချက်ဂီရီ ပါဝင် သရုပ်ဆောင်တဲ့ Hachiko: A Dog's Story ကား နှစ်သက်မိပါတယ်။ ဂျပန် က ဖြစ်ရပ်မှန် ကို အခြေခံပြီး ရိုက်ထားတဲ့ သစ္စာရှိတဲ့ ခွေးလေး Hachiko အကြောင်းပါ။ သူ့ကို ဘူတာရုံမှာ တွေ့လို့ အိမ်ကိုခေါ်သွား၊ နောက်ရက်တွေမှာ ပိုင်ရှင်ကို ရှာပေမယ့် မတွေ့ဘဲဖြစ်နေပါတယ်။ အစပိုင်းမှာ ဇနီးဖြစ်သူက အိမ်မှာမွေး ဖို့သဘောမကျ ဘဲ ဖြစ်နေပေမယ့် ယောင်္ကျားဖြစ်သူရဲ့ သံယောဇင် ကို ရိပ်မိပြီး အိမ်မှာ မွေးဖြစ်သွားပါတယ်။ Hachiko ဟာ သူ့သခင် အလုပ်သွားရင် ဘူတာရုံထိ လိုက်ပို့ပြီး အလုပ်ပြန်ချိန်မှာ ဘူတာရုံထိ လာကြိုပါတယ်။ ဒါဟာ သူ့ရဲ့ နေ့စဉ် ပြုကျင့်ဝတ်ဖြစ်လာခဲ့ပါတယ်။ တနေ့ မှာတော့ သူ့သခင် ကွယ်လွန် သွားခဲ့ပြီး အိမ်ကို ပြန်မလာနိုင်တော့ ပေမယ့် သူကတော့ ပြုမြဲ ဝတ္တရားမပျက် သစ္စာရှိစွာနဲ့ ဘူတာရုံမှာ စောင့်ကြိုနေခဲ့ ပါတယ်။ နောက်နေ့တွေ မှာလည်း နေ့စဉ် ဘူတာရုံ ကိုလာပြီး သူ့သခင် ပြန်အလာကို စောင့်မျှော်နေခဲ့တာ သူသေတဲ့ထိ ၉နှစ်လုံးပါပဲ။ သူက ဘူတာရုံ အနီးက လူတွေကို ချစ်ခြင်းမေတ္တာ၊ သံယောဇဉ်၊ စာနာနားလည်မူ နဲ့ ခိုင်မြဲတဲ့သစ္စာရှိမူ တွေအကြောင်း မမေ့စေဖို့ သတိပေးနေခဲ့သလိုပါပဲ။ သူ့ရဲ့ သစ္စာရှိမူကို သတိရနေစေဖို့ အမှတ်တရ ပြုလုပ်ထားတဲ့ သူ့ရဲ့ကြေးရုပ်တုကို ဂျပန်က Shibuya ဘူတာရုံ ရဲ့ရှေ့မှာ တွေ့နိုင်တယ်လို့ဆိုပါတယ်။ ဇာတ်လမ်း အပြည့်အစုံ ကိုတော့ ငွေရောင်ပိတ်ကား ပေါ်မှာ ဆက်လက် ရှုစားကြပါ ခင်ဗျား။
Subscribe to:
Post Comments (Atom)

0 comments:
Post a Comment
ခြေရာလေးများ ချန်ကာထားခဲ့ပါ