ဇန္နဝါရီ ၄ ရက်၊ ၂၀၁၀ ခုနှစ် မှာ ကွယ်လွန် သွားရှာပြီဖြစ်တဲ့ Tsutomu Yamaguchi ရဲ့အကြောင်း ကို ဘာသာပြန်ထားတာ ပါ။ အားလုံးတင်ပြီးရင် မူရင်း Link တင်ပေးပါမယ်ခင်ဗျား။
ညူးကလီးယားဗုန်းဒဏ် နှစ်ခုလုံး မှ လွတ်မြောက်လာခဲ့သူ အသက် ၉၃နှစ် ရှိပြီဖြစ်သော ဆူတိုမူရာမဂူချီ ဇန္နဝါရီ ၄ ရက်၊ ၂၀၁၀ ခုနှစ် ၌ကွယ်လွန်။
ဝမ်းနည်းစွာ ငိုကြွေးအပြီးမှာ Tsutomu Yamaguchi က ဘာကြောင့် သူ့ရဲ့ ကဗျာစာအုပ်ကို “လူဖောင်ကြီး”(The Human Raft) လို့ အမည်ပေးခဲ့သလဲဆိုတာ ပြောပြပါလိမ့်မယ်။ နေ့တစ်နေ့မှာ ဖြစ်ပျက်ခဲ့တာနဲ့ ပတ်သက်နေ ခဲ့ပါတယ်။ အဲဒီနေ့က အလုပ်ကို သူ့နာမည်ကဒ်ပြား ယူခဲ့ဖို့မေ့ခဲ့တယ်၊ ဆင်းနေကျ ကားမှတ်တိုင် မှာ ဆင်းရမယ်။ အဲဒီမနက်မှာ သူ့အတွက် လုပ်စရာတွေက အစီအရီ။ Mitsubishi သင်္ဘောကျင်းမှာ အင်ဂျင်နီယာ အဖြစ်တာဝန်ထမ်းဆောင်ရမယ့် တာဝန်ချိန်သုံးလပြည့်လို့ Hiroshima ကနေပြောင်းရတော့မယ်။ အဲဒီအတွက် အထုပ်အပိုးတွေ ပြင်ရမယ်၊ လုပ်ဖော်ကိုင်ဖက် မိတ်ဆွေတွေကို နုတ်ဆက်ရမယ်။ ပြီးရင်တော့ ချစ်ဇနီး Hisako နဲ့ သားလေး Katsutoshi ရှိရာ မိုင်နှစ်ရာကျော်ဝေးတဲ့ Nagasaki ကို မီးရထား နဲ့ခရီးဆက်ရဦးမယ်။ သူဆင်းရမယ့် မှတ်တိုင်ရောက်တော့ အနည်းငယ် စိတ်လှုပ်ရှား နေတယ်။ အလုပ်ကိုရောက်ဖို့ ပျင်းရိငြီးငွေ့ဖွယ်ကောင်းတဲ့ အာလူးစိုက်ခင်းကို ဖြတ်ပြီး နာရီဝက်လောက် လမ်းလျှောက်ရဦးမယ်။ မှတ်မှတ်ရရ အဲဒီနေ့ဟာ သြဂုတ်လရဲ့ သာယာလှပတဲ့ နေ့တစ်နေ့ဖြစ်ပြီး ကောင်းကင်ဟာကြည်လင်နေသလို သူ့ရဲ့စိတ်ဟာ လန်းဆန်းတက်ကြွနေတယ်။ ရှေ့ဆက်ဖြစ်မယ့် အကြောင်းဟာ စာဖတ်သူတွေအတွက်တော့ ထိတ်လန့်တုန်လှုပ်ဖွယ်ကောင်းတဲ့ အဖြစ်အပျက် ဖြစ်လိမ့်မယ်လို့ ခံစားသိ သိပေမယ့် သူကတော့အဲဒီလို သိမနေခဲ့ဘူး။ သူသတိထားမိတာက လေယာဉ်တစ်စီးဟာ ဝဲလှည့်ပျံသန်းနေတယ်၊ ပြီးတော့ လေထီးနှစ်စင်း အောက်ကိုကျဆင်းနေတာ မြင်ရတယ်။
အဲဒီနောက် သူသိလိုက်တာက အဖြူလိုလို ငွေရောင်လိုလို မီးတန်းကြီး၊ ပြီးတော့ ဧရာမ မီးတောက် မီးလျှံကြီး။ မီတောက်ကြီး က ကြီးလွန်းတော့ မီးအလုံးကြီး လို့ ထင်ရပါတယ်တဲ့။ အဲလို သိလိုက်တဲ့ အချိန်မှာဘဲ သူဟာ မြေပြင်ပေါ်ကို ပြားပြားဝပ် မှောက်ချလိုက်တယ်။ မီးလုံးကြီး က မီးတောက် မီးလျှံတွေဟာ အရှိန်တညီးညီး နဲ့ တောက်လောင်နေပြီး ပူလိုက်တာဟာ လည်းအလွန့်အလွန်ဘဲ။ အဲဒီ အပူရှိန် နဲ့ ပေါက်ကွဲတဲ့ အလျင် ကြောင့် ပထမတော့ သူ့ကို ဆွဲလိုက်သလို ခံစားရပြီး၊ နောက် သူ့ကို တွန်းထုတ်လိုက်တယ်။ ဘာမှလည်း မမြင်ရဘူး။ သူဟာ အာလူးစိုက်ခင်းထဲက ရွှံ့တောထဲမှာ မှောက်လျက် ရှိနေတုန်း။ သူဝပ်နေတဲ့ နေရာဟာ ဧရာမ ပေါက်ကွဲမူကြီး ဖြစ်တဲ့နေရာ နဲ့ နှစ်မိုင်လောက် ဝေးပါတယ်။ အဲဒီနေရာ ထိအောင်ကို အဝတ်တွေ၊ စက္ကူစာရွက်တွေ၊ မီးလောင်နေတဲ့ အပိုင်းအစတွေ ကျနေတာဟာ မိုးရွာချသလိုပဲ။ သူ့ ခန္ဓာကိုယ် အပေါ်ပိုင်း နဲ့ မျက်နှာတချမ်း လုံး ဆိုးဆိုးရွားရွား မီးလောင်ခံရတယ်။ ဆံပင် တွေလည်း မရှိတော့ဘူး။ နားစည် လည်းကွဲသွားတယ်။ အဲသလို ဖြစ်နေတာတောင် အဲဒီနေ့မှာ သူလုပ်ရမယ်လို့ ရည်မှန်းထားတဲ့ ခရီးသွားဖို့ အတွက် မီးရထား ရဖို့ မတည်မငြိမ် ဖြစ်နေတဲ့ ဘူတာရုံ ရှိရာ မြို့ထဲကို သွားဖို့ ခရီးကို နောက်ပြန်လှည့်ခဲ့တယ်။ မြစ်ကိုဖြတ်ကူးရမယ့် တံတား တွေမရှိတော့ဘူး ကျိုးကျနေပြီ။ မြစ်ပြင် တစ်ခုလုံး အပြည့်နီးပါး ပေါလောပေါ် မျောပါနေတွေက မိန်းမ၊ ယောင်္ကျား၊ ကလေး၊ လူကြီး တွေရဲ့ မီးသွေးခဲ လိုဖြစ်နေတဲ့ ခန္ဓာကိုယ်တွေ။ မှောက်လျက် အနေအထား တွေနဲ့ မျောပါနေတော့ သစ်သားပြင်ကြီး လိုပဲတဲ့။ အဲဒီ မီးသွေးတုံး အလောင်းတွေပေါ်ကနေ တချို့နေရာတွေမှာ ဖြတ်လျှောက်၊ တချို့နေရာတွေမှာ လှေလိုလုပ်လှော် ပြီး တဖက်ကမ်း ကိုရောက်ခဲ့တယ်။ အဲဒီ မီးသွေးတုံး အလောင်းကောင် တွေဟာ သူ့ရဲ့ လူဖောင်ကြီးပါပဲ။
(ဆက်ရန်)
Thursday, January 28, 2010
Wednesday, January 27, 2010
စကားပြောခြင်းအနုပညာ
နေရောင်ခြည်များကြောင့် ထိုနေ့က ရာသီဥတု သည် ပူပူနွေးနွေး ကြည်ကြည်လင်လင် နှင့် သာသာယာယာ ရှိလှသည်။ အိမ်သို့ အလည်လာသော ဧည့်သည်များနှင့် အတူ ကျွန်ုပ်သည် ဗျစ်ရည်ကိုစုပ်ရင်း ရောက်တတ်ရာရာ စကားများကို ဝိုင်းဖွဲ့ပြောဆိုနေကြသည်။ မိတ်ဆွေတစ်ယောက် ကတော့ တခုခုကို ကြော်လှော်ဖို့ ပြင်ဆင်ရင်း တချက်တချက် ဝင်ကာပြောသည်။
ကျနော်သည် စကားကို သိုင်းသိုင်းဝိုင်းဝိုင်း ဖွဲ့နွဲ့ပြောလေ့မရှိပဲ၊ လို တို ရှင်း ပြောလိုသူ ဖြစ်သည်။ ကြော်လှော်နေသော မိတ်ဆွေကမူ တခုခုအကြောင်း ပြောလျှင် ဗာရာဏသီချဲ့ ပြောတတ်သူဖြစ်သည်။ ထိုသို့ ရောက်တတ်ရာရာ ပြောနေရင်းဖြင့် ဧည့်သည်များက မိတ်ဆွေအား ဘာကြော်နေတာလဲ ဟုမေးကြသည်။
မိတ်ဆွေကြော်နေသည်မှာ “တော်တီးလာ” ဟုအမည်ရသော စပိန်ကြက်ဥကြော်ဖြစ်သည်။ ကျနော့် အလိုအတိုင်းဆိုလျှင် နာမည်ကို ချက်ခြင်း ပြောလိုက်မိပြီး၊ ကြက်ဥကြော် ဟုနာမည်ကြားပြီး ဘယ်သူကမှစိတ်ဝင်တစား ထပ်မေးတော့မည်မဟုတ်။ မိတ်ဆွေကမူ နာမည်ကို ချက်ခြင်းမပြော။ ဟင်း စတင် ပေါက်ဖွားရာ နိုင်ငံသည် စပိန်ဖြစ်ကြောင်း၊ ထိုနိုင်ငံတွင် အစားများသောဟင်းတခုဖြစ်ကြောင်း၊ ဘယ်၍ဘယ်ပုံကြော်ရကြောင်း၊ ရှည်ရှည်ဝေးဝေး ချဲ့၍်ပြောသည်။ ဧည့်သည်များမှာလည်း နားထောင် ရင်း မိတ်ဆွေ၏ဟင်းကို စိတ်ဝင်စားလာကြသည်။ ထိုင်ပြီးနားထောင်နေရာက ထကြည့်ကြတဲ့ အဆင့်ထိဖြစ်လာပြီး၊ ကြော်နေရာ မီးဖိုနံဘေး ရောက်ကုန်ကြသည်။ ဝိုင်းမှာတော့ ကျနော် တယောက်တည်း တိတ်ဆိတ်စွာ ဗျစ်ရည် ကိုစုပ်ရင်း ကျန်ခဲ့တော့သည်။

Monday, January 25, 2010
ကျွန်ုပ်တို့၏ ပတ်ဝန်းကျင်
နာဖျားနေတဲ့
ကမ္ဘာကြီးကို
ပြုစုကုသပေးမယ်ဆိုတဲ့ စိတ်
ထားကြတဲ့သူတွေ
များများလာကြပါရဲ့။
ဒါပေမယ့်လည်း...
ကိုယ့်ရဲ့နည်းမှ အကောင်းဆုံးထင်ကြ
စောကြောဝေဖန်ဝန်မခံလိုကြ
(ဒီ...လို...နဲ့)
ကိုယ့်ကိုယ်ကို အရင်ကုသဖို့
မေ့လျော့သွားကြပြီး
စောစောအိပ်ရာဝင်သွားကြတော့တယ်။
kz
25.01.10
ကမ္ဘာကြီးကို
ပြုစုကုသပေးမယ်ဆိုတဲ့ စိတ်
ထားကြတဲ့သူတွေ
များများလာကြပါရဲ့။
ဒါပေမယ့်လည်း...
ကိုယ့်ရဲ့နည်းမှ အကောင်းဆုံးထင်ကြ
စောကြောဝေဖန်ဝန်မခံလိုကြ
(ဒီ...လို...နဲ့)
ကိုယ့်ကိုယ်ကို အရင်ကုသဖို့
မေ့လျော့သွားကြပြီး
စောစောအိပ်ရာဝင်သွားကြတော့တယ်။
kz
25.01.10
Subscribe to:
Comments (Atom)