ခုတလော ကန်းထရီး သီချင်းတွေ နားထောင်ရင်း နားထောင်ရင်းနဲ့ Folk သီချင်းတွေဘက်ရောက်သွားတယ်။ ဝိုင်းအသစ်တွေထဲက Fleet Foxes ကိုကြိုက်ပါတယ်။ သူတို့ရဲ့ သီချင်းနှစ်ပုဒ်ပါ။ နားဆင်ကြည့်ပါဉီး။ သူတို့ စတိုင်ကို ကြိုက်ရင် Bon Iver နဲ့ Ray LaMontagne တို့ကိုလည်းကြိုက်လောက်ပါတယ်။
Thursday, December 23, 2010
Wednesday, December 22, 2010
At the crossroads: a dialogue with Aung San Suu Kyi
Saturday, December 4, 2010
မြန်မာပြည်ကအနုပညာရှင်တွေကိုထောက်ခံအားပေးကြောင်းပြသသည့်ဂီတပွဲ
မနေ့ည (03.12.2010) က ချမ်းချမ်းအေးအေး ရာသီဥတုထဲမှာ ဂီတပွဲ ကြည့်ဖို့ အပြင်သွားဖြစ်ခဲ့သည်။ ပွဲလုပ်တဲ့နေရာ က The Luminarine လို့အမည်ရတဲ့ လန်ဒန်မြို့ အနောက်မြောက်ပိုင်း အရပ်မှာရှိတဲ့ ခန်းမတစ်ခုမှာပါ။ အားပေးဖို့သွားတဲ့ Band နာမည်က The Portraits လို့အမည်ရပါတယ်။
The Portrait ရဲ့ အဓိက အဖွဲ့ဝင်တွေက တော့ Jeremy နဲ့ Lorraine Milligton တို့နှစ်ဦးပါဘဲ။ သူတို့ဟာ Jeremy ရဲ့မိဘက တဆင့် မြန်မာနိုင်ငံ ကို စတင်သိရှိရင်းနှီးခဲ့ပြီး လတ်တလော ဖြစ်ပျက်နေတဲ့ အခြေအနေတွေကိုလည်း သူတို့သိကြပါတယ်။
သူတို့ရဲ့ ကိုယ်ပိုင်သီချင်း တွေကို တစ်နာရီခန့် သီဆိုဖျော်ဖြေကြပါတယ်။ သီချင်းတိုင်းရဲ့ အစမှာ ဆိုမယ့်သီချင်းရဲ့ အကြောင်း/အဓိပ္ပာယ်/ရည်ရွယ်ချက်/ရေးဖြစ်ခဲ့တဲ့အကြောင်း တစ်ခုခုပြောပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံ ရဲ့ အခြေအနေကိုလည်းပြောပြပါတယ်။ အထူးသဖြင့် လွန်ခဲ့တဲ့ရက်အနည်းငယ်အတွင်း က အနုပညာလုပ်ငန်းတွေ ကန့်သတ်ခံရတဲ့ အနုပညာရှင်တွေ အကြောင်း ပရိတ်သတ် ကိုရှင်းပြပါတယ်။ အဲဒီ အနုပညာရှင်တွေ ကျူးလွန်မိတဲ့ ပြစ်မူကတော့ HIV/AIDS လူနာတွေကို သွားရောက် လှူဒါန်း အားပေးမူဖြစ်ပါတယ်တဲ့။ အဲဒီ အနုပညာရှင်တွေ နဲ့ သူတို့ရဲ့လုပ်ရပ်တွေကို ထောက်ခံအားပေး ကူညီကြဖို့ဆော်သြသွားပါတယ်။ သီဆိုဖျော်ဖြေရာ ခန်းမ နံရံ မှလည်း ဒေါ်အောင်ဆန်းစုကြည် ပုံနဲ့ အတူ ပိတ်ပင်တားဆီးခံရတဲ့ အနုပညာရှင် အချို့ရဲ့ပုံများကို ချိတ်ဆွဲပြသထားပါသေးတယ်။ ပြည်တွင်းက အနုပညာရှင်တွေ လည်း သူတို့ကို ကမ္ဘာအရပ်ရပ်က အနုပညာရှင်တွေ၊ ပြည်သူတွေက ထောက်ခံ အားပေးနေတယ်ဆိုတာ သိရင် ဝမ်းသာကြယုံမက နောက်ထပ်လူမူရေးလုပ်ငန်းတွေ ဆက်လက်လုပ်ကိုင်နိုင်ကြဖို့ ခွန်အားရကြမှာပါ။
သူတို့သီဆိုတဲ့ သီချင်းအမျိုးအစား ပုံစံကတော့Ethno-folk-pop/Acoustic လို့ဆိုပါတယ်။ သီချင်းအေးအေး နားထောင်လေ့ရှိသူတွေ ကြိုက်ကြမှာပါ။ ဒီနေရာမှာ သူတို့ရဲ့ သီချင်းအချို့ကို နားဆင်ကြည့်နိုင်ပါတယ်။ Liberty ဆိုတဲ့ သီချင်းက မြန်မာ့လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကို ဂုဏ်ပြုရည်ရွယ် စပ်ဆိုတယ် လို့ဆိုပါတယ်။
Facebook page
Official website
04.12.2010
Wednesday, December 1, 2010
ဒီလိုပါပဲ (သို့) ချစ်ပုံပြင်
ဒီလိုပါပဲ
ချစ်ခဲ့တုန်းကတော့
ဘာရယ်မဟုတ်ဘူး ချစ်ခဲ့တာပါပဲ။
အဲဒီတုန်း ကပေါ့
အပြုံးတွေဟာ ရွှန်းမြ
ရယ်သံတွေဟာ ချိုလွင်
စကားတိုင်းရဲ့ သံစဉ်ဟာလှပ။
အခုတော့
အပြုံးတွေဟာ နွမ်းလျ
ရယ်သံတွေဟာ မပီပြင်
အတွေးတိုင်းရဲ့ ပုံရိပ်ဟာကြေမွ။
ဘာရယ်မဟုတ်ဘူး ချစ်ခဲ့တာပါပဲ
ချစ်ခဲ့တုန်းကတော့
ဒီလိုပါပဲ။
30.11.2010

ချစ်ခဲ့တုန်းကတော့
ဘာရယ်မဟုတ်ဘူး ချစ်ခဲ့တာပါပဲ။
အဲဒီတုန်း ကပေါ့
အပြုံးတွေဟာ ရွှန်းမြ
ရယ်သံတွေဟာ ချိုလွင်
စကားတိုင်းရဲ့ သံစဉ်ဟာလှပ။
အခုတော့
အပြုံးတွေဟာ နွမ်းလျ
ရယ်သံတွေဟာ မပီပြင်
အတွေးတိုင်းရဲ့ ပုံရိပ်ဟာကြေမွ။
ဘာရယ်မဟုတ်ဘူး ချစ်ခဲ့တာပါပဲ
ချစ်ခဲ့တုန်းကတော့
ဒီလိုပါပဲ။
30.11.2010
Subscribe to:
Comments (Atom)
