(၁)
ပေါ်လီယာနာ
ဒီညတော့
မင်းရဲ့ည ဖြစ်တော့မှာပဲ
ဒီလိုပဲတွေးခဲ့မိတယ်
(၂)
ပေါ်လီယာနာ
ငါ ... လေ
မင်းရဲ့နှုတ်ခမ်းလေးတွေ
မင်းရဲ့ မျက်ဝန်းအကြည့်တွေ
ဒီအချိန်မှာ ...
အမှန်တကယ် လိုအပ်နေခဲ့ပါပြီ
(၃)
ကောင်မလေးတစ်ယောက်ရဲ့
အကြည့်ရိပ်ရိပ် အောက်မှာ
ကောင်လေးတစ်ယောက်
ပြည့်ပြည့် ၀၀ ပြုံးသွား
ငါလည်း ဒီလိုပဲ
ပေါ့ပေါ့ ပါးပါး ပြုံးပါရစေကွယ်
အဲဒီအချိန် အခိုက်အတန့်လေး ဖြစ်ဖြစ်
အပြစ်အနာအဆာတွေနဲ့
ကမ္ဘာလောကကို
စိတ်ချထားချင်တယ်
(၄)
ပေါ်လီယာနာ
ရာသီဥတုတွေက
အပြောင်းအလဲ မြန်လွန်းတယ်
သတိမထားမိတဲ့ ကိုယ့်မှာ
ဖျားနာနေခဲ့ပေါ့
မင်း နှလုံးသားလေးရော
အရင်လို
ရိုးသားဖြူစင်နေဆဲလား ... ဟင်...
(၅)
ပေါ်လီယာနာ
ခုချိန်ဆို
မင်းဘယ်မှာ ရှိနေမလဲလို့
ငါတွေးနေမိတယ်
ငါ့ နှလုံးသားထဲမှာ
ထာဝရ
ခိုနားလှည့်ပါကွယ်
(တောကျီးကန်း)
(၇ ၊ ၁၂ ၊ ၂၀၀၅)
Wednesday, September 2, 2009
ကျီးကန်းတစ်ကောင်ရဲ့ ဒုက္ခ
နွေသုံးဆယ်
မိုးသုံးဆယ်
ဆောင်းသုံးဆယ် ကျော်ခဲ့ပြီ
ဘာမှ မစိုက်ပျိုးခဲ့သေးဖူး
ဘာမှ မရိတ်သိမ်းနိုင်ခဲ့ဘူး။
ပေါပေါ လောလောဖြစ်နေတဲ့လေကို
၀၀ လင်လင်ကြီးရှုချ ... ပြီးတော့
များများ စားစားကြီးပြောချလိုက်တယ်
ခလုတ် တိုက်မိတာကလည်း
ခဏ ခဏ
ဒါ . . .
လက်ရှိဘ၀ ပဲ
ကြေကွဲစရာလား...
( ခါတိုင်းလို )
ဆင်ခြေတွေ ရှာနေမိပြန်ရဲ့။ ။
(တောကျီးကန်း)
မိုးသုံးဆယ်
ဆောင်းသုံးဆယ် ကျော်ခဲ့ပြီ
ဘာမှ မစိုက်ပျိုးခဲ့သေးဖူး
ဘာမှ မရိတ်သိမ်းနိုင်ခဲ့ဘူး။
ပေါပေါ လောလောဖြစ်နေတဲ့လေကို
၀၀ လင်လင်ကြီးရှုချ ... ပြီးတော့
များများ စားစားကြီးပြောချလိုက်တယ်
ခလုတ် တိုက်မိတာကလည်း
ခဏ ခဏ
ဒါ . . .
လက်ရှိဘ၀ ပဲ
ကြေကွဲစရာလား...
( ခါတိုင်းလို )
ဆင်ခြေတွေ ရှာနေမိပြန်ရဲ့။ ။
(တောကျီးကန်း)
Subscribe to:
Comments (Atom)
